လေးအိမ်စုကျေးရွာတွင် သုံးနှစ်မိန်းကလေးအသတ်ခံရမှုကို သက်ဆိုင်ရာစစ်ဆေး

လေးအိမ်စုကျေးရွာတွင် သုံးနှစ်မိန်းကလေးအသတ်ခံရမှုကို သက်ဆိုင်ရာစစ်ဆေး

ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၇) အပိုင်း၊ လေးအိမ်စုကျေးရွာ အနောက်တောင်ကုန်းပေါ်တွင် အသက် သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အသတ်ခံရမှုအောက်တိုဘာ ၆ရက် ညနေ၃နာရီခွဲက ဖြစ်ပွားခဲ့သည်။

" ကလေးမလေးရဲ့နာမည်တော့ မသိရသေးဘူး။ အသက်က သုံးနှစ်လောက်ရှိပြီ။ အလောင်းကို မန္တလေးဆေးရုံကို ကျွန်တော်တို့ အသင်းကားနဲ့ ပို့ပေးလိုက်တယ်။ သတ်တဲ့ ကလေးက ၁၂ နှစ်အရွယ်လောက်ရှိပြီ။ သူ့ကိုလည်း ရဲတွေ ခေါ်သွားတယ်" ဟု ပြင်ဦးလွင်( အခမဲ့) နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်းမ်ကို ပြောသည်။

ယနေ့ အောက်တိုဘာ ၇ ရက်နံနက်ပိုင်းတွင်လည်း သေဆုံးသူ ကလေးငယ်၏ မိခင်ဖြစ်သူ မူးလဲသဖြင့် ပြင်ဦးလွင် အခမဲ့ လူမှုကူညီရေး အသင်းပိုင်ကားဖြင့်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း အသင်းတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

အဆိုပါ သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။