တဆင့်ခံဆေးလိပ်ငွေ့ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှု

တဆင့်ခံဆေးလိပ်ငွေ့ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှု

ကိုယ်တိုင် ဆေးလိပ်မသောက်တတ်တာကြောင့် ဆေးလိပ်ကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါတွေကိုမခံစားရဘူးလို့ထင်နေတာလား။ 

မဟုတ်ဘူးနော်။ နေ့စဉ်လှုပ်ရှားထိတွေ့နေတဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ တဆင့်ခံဆေးလိပ်ငွေ့တွေကသင့်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါသေးတယ်။

တဆင့်ခံဆေးလိပ်ငွေ့

စီးကရက်ကိုမီးညှိထားတာကြောင့်ထွက်လာတဲ့ အငွေ့နဲ့ ဆေးလိပ်သောက်သူကရှုထုတ်လိုက်တဲ့ အငွေ့တွေပေါင်းစပ်ပြီးတဆင့်ခံဆေးလိပ်ငွေ့ဖြစ်လာရပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့မှာဓာတုပစ္စည်းအမျိုးပေါင်း ၇၀ဝ၀ ကျော်ပါဝင်နေပြီးဒီဓာတုပစ္စည်းတွေထဲကရာပေါင်းများစွာကအဆိပ်အတောက်ဖြစ်စေနိုင်ပြီးအမျိုးပေါင်း ၇၀ လောက်က ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒီအငွေ့တွေဟာလေထုထဲမှာ ၄ နာရီလောက်ထိရှိနေနိုင်ပြီးစက္ကန့်တိုင်းမိနစ်တိုင်းမှာကျန်းမာရေးကိုဒုက္ခပေးနေပါတယ်။

တဆင့်ခံဆေးလိပ်ငွေ့ ထိတွေ့မိတာကြောင့် ဘာဖြစ်လာနိုင်လဲ……………

တဆင့်ခံဆေးလိပ်ငွေ့ကိုထိတွေ့မိပြီး

  • ၅ မိနစ်ကြာတဲ့အခါ နှလုံးသွေးလွှတ်ကြောမကြီးတောင့်တာမျိုးဖြစ်လာနိုင်ပါတယ်။
  • မိနစ် ၂၀ ကနေနာရီဝက်အတွင်းမှာသွေးခဲတာမျိုးဖြစ်စေနိုင်ပြီးသွေးကြောတွေထဲမှာအဆီစုပုံမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ရုတ်တရက်နှလုံးရပ်နိုင်ခြေများသလို လေဖြတ်နိုင်ခြေလည်း များပါတယ်။
  • ၂ နာရီ ကြာတဲ့အခါ နှလုံးခုန်မမှန်တာမျိုးဖြစ်လာနိုင်ပါတယ်။ ရုတ်တရက်နှလုံးရပ်တာမျိုးဖြစ်နိုင်ပါတယ်။  တဆင့်ခံဆေးလိပ်ငွေ့ အချိန်ကြာမြင့်စွာထိတွေ့မိလေလေ ခန္ဓာကိုယ်မှာထိခိ်ုက်နိုင်ခြေများလေလေပါ။ နှစ်စဉ် ဆေးလိပ်မသောက်တတ်ပေမယ့် တဆင့်ခံဆေးလိပ်ငွေ့ကြောင့် ကျန်းမာရေးထိခိုက်ရသူတွေ နာတာရှည် ရောဂါခံစားရသူအရေအတွက်ဟာထောင်နဲ့ချီပြီးရှိပါတယ်။

တဆင့်ခံဆေးလိပ်ငွေ့ကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်နိုင်တယ်

တဆင့်ခံဆေးလိပ်ငွေ့ကိုထိတွေ့မိတာကြောင့် နှလုံးသွေးကြောတွေထိခိုက်နိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကြောင့် နှစ်စဉ်အရွယ်ရောက်ပြီးသူ ၃၄၀ဝ၀ လောက် နှလုံးရောဂါနဲ့သေဆုံးနေရသလိုလေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာတွေကိုခံစားရမှုတွေရှိနေပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့က နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိတိုးစေနိုင်သလိုလေဖြတ်နိုင်ခြေကိုလည်း ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိတိုးနိုင်ပါတယ်။

တဆင့်ခံဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်တယ် 

ကိုယ်တိုင်ကဆေးလိပ်မသောကပေမယ့်လည်းတဆင့်ခံဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာကိုခံစားရနိုင်ပါတယ်။ ဆေးလိပ်မသောက်ပေးမယ့်လည်းတဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မှုကသင့်မှာအဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိတိုးစေနိုင်ပါတယ်။ နျစ်စဉ် တဆင့်ခံဆေးလပ်ငွေ့ကြောင့်ဖြစ်တဲ့ အဆုတ်ကင်ဆာရောဂါကြောင့် သေဆုံးသူအရေအတွက်က ၇၃၀ဝ လောက်ရှိပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကိုရှုရှိုက်မိတာကအသက်ရှုလမ်းကြောင်းတလျှောက်ကဆဲလ်တွေကိုထိခိ်ုက်စေနိုင်သလို အဆုတ်ကိုလည်းထိခိုက်စေနိုင်ပါတယ်။

ဒါတွေအပြင် ဆေးလိပ်ငွေ့ကြောင့် မျက်လုံးမှာတိမ်ဖြစ်တာ၊ အမြင်အာရုံထိခိုက်တာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေခံစားရတာ၊သွေးတိုးတာ၊ သာံးနဲ့ခံတွင်းကျန်းမာရေးထိခိုက်တာမျိုးတွေပါ ခံစားရနိုင်ပါတယ်။ ဘေဘီလေးတွေမှာဆိုရင် မွေးကင်းစကလေးငယ်ရုတ်တရက်သေဆုံးတာမျိုးတွေကိုတောင်ခံစားရနိုင်သလို ပန်းနာရင်ကြပ်ရောဂါ၊ အကြားအာရုံထိခိုက်တာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်တာတွေကိုပါ ခံစားရနိုင်ပါတယ်။

တဆင့်ခံဆေးလိပ်ငွေ့ကိုအများဆုံးထိတွေ့မိနိုင်သူတွေကဘယ်သူတွေဖြစ်မလဲ…………..

တဆင့်ခံဆေးလိပ်ငွေ့က နေရာတိုင်းမှာရှိနေနိုင်ပြီးလူတိုင်းကိုထိခိုက်မိနိုင်တယ်ဆိုပေမယ့် ဒီလိူတွေကတော့ အခြားသူတွေထက် တဆင့်ခံဆေးလိပ်ငွေ့ကိုထိတွေ့မိနိုင်ခြေပိုများနေပါတယ်။

  • ဆေးလိပ်သောက်သုံးသူတွေရှိတဲ့ အလုပ်ခွင်မှာနေရသူတွေ
  • လက်ဖက်ရည်ဆိုင်ဝန်ထမ်းတွေ
  • ဘားကဝန်ထမ်းတွေ
  • စားသောက်ဆိုင် ဝန်ထမ်းတွေ
  • ကိုယ်ဝန်ဆောင်မိခင်တွေ
  • မွေးကင်းစကလေးတွေ နဲ့ ကလေးငယ်တွေ
  • အိမ်မွေးတိရစ္ဆာန်လေးတွေ ကတော့ အခြားသူတွေထက် တဆင့်ခံဆေးလိပ်ငွေ့ဒဏ်ကိုခံရနိုင်ခြေပိုများနေပါတယ်။

ကိုယ့်ကျန်းမာရေးကိုစောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူကကိုယ်တိုင်ပဲဆိုတော့ အခုကစလို့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်အနေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကိုရှောင်ပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021