ကလေးနှစ်ဦးစကားများရာမှ ဇီးဖြူကိုင်းနှင့်ရိုက်သဖြင့် သုံးနှစ်ကလေးသေဆုံး

ကလေးနှစ်ဦးစကားများရာမှ ဇီးဖြူကိုင်းနှင့်ရိုက်သဖြင့် သုံးနှစ်ကလေးသေဆုံး

ပြင်ဦးလွင်မြို့ တွင် မြင်းခွာရွက်တူးသူကလေးငယ် နှစ်ဦးစကားများရာမှ ဇီးဖြူကိုင်းနှင့်ရိုက်သဖြင့် သုံး နှစ်အရွယ် ကလေးငယ်သေဆုံးမှုကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားသည်။

အောက်တိုဘာ ၆ ရက် ညနေ ၆ နာရီတွင် ပြင်ဦးလွင်မြို့၊ ရွာသာယာကျေးရွာ ရပ်ကွက်ကြီး ၇၊ အရှေ့မြောက်ဘက်(၇)မိုင်ခန့်၌ ရွာသာယာကျေးရွာနေ ၃ နှစ်အရွယ် မ ---- မှာ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ သေဆုံးသူကလေးငယ်သည် တစ်ရွာတည်းနေ ၁၂ နှစ်အရွယ် မောင်------- ဆိုသူနှင့် မြင်းခွာရွက်တူးသွားရာမှ တစ်ယောက်တစ်ခွန်းစကားများခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထိုသို့စကားများရန်ဖြစ်စဉ် မောင် ------ က ဇီးဖြူကိုင်းနှင့်ရိုက်နှက်ခဲ့မှုကြောင့် မ -----သေဆုံးသွားသဖြင့် အရေးယူပေးရန် ၄င်း၏မိခင်က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့မရဲစခန်းက(ပ)၁၀၈၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ မောင် ------- ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိသည်။