အမျိုးသမီးတစ်ဦးကို ရိုက်နှက်သူအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

အမျိုးသမီးတစ်ဦးကို ရိုက်နှက်သူအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

ခရမ်းမြို့နယ်တွင် အရက်သောက်စားကာ အမျိုးသမီးတစ်ဦး ကို ရိုက်နှက်ခဲ့သူအား ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ကသွားရောက်စဉ် ခုခံသဖြင့် သေနတ်နှင့်ပစ်ခတ်ဖမ်းဆီးရမှု အောက်တိုဘာ ၇ ရက်တွင် ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၉ နာရီတွင် ခရမ်းမြို့နယ်၊ နလူးစုကျေးရွာနေ မင်းဇော်က ၎င်း၏နေအိမ်၌ အမျိုးသမီးတစ်ဦးကို ရိုက်နှက်နေကြောင်း သတင်းအရ ခရမ်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့သွားရောက်စဉ် အရက်သေစာသောက် စားမူးယစ်နေသူ မင်းဇော်(၄၂) နှစ်က ရဲတပ်ဖွဲ့ဝင်များကို လေးခွနှင့် ပစ်ခတ်ပြီး အရိုးအသွား ၉ လက်မခန့်ရှိ ဓားဖြင့်ထိုးရန် နေအိမ်ပေါ်မှ ပြေးဆင်းလာသဖြင့် သေနတ် တစ်ချက် သတိပေးပစ်ခတ်ခဲ့ရသည်။

ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် မင်းဇော်တွင် ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ ခရမ်းပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ရသည်။

ခရမ်းမြို့မရဲစခန်းက(ပ)၉၃၈/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃ အရ အမှုဖွင့် အရေးယူထားသည်။