အေစီမီလန်၏ဖြစ်အင် စိတ်မကောင်းဖြစ်မိဟု အီဗရာဟီမိုဗစ်ဖွင့်ဟ

အေစီမီလန်၏ဖြစ်အင် စိတ်မကောင်းဖြစ်မိဟု အီဗရာဟီမိုဗစ်ဖွင့်ဟ

အေစီမီလန်အသင်း၌ ပါဝင်ကစားခဲ့ဖူးသော ဆွီဒင် ဝါရင့်တိုက်စစ်မှူးဟောင်း အီဗရာဟီမို ဗစ်က မိမိအသင်းဟောင်း၏ လက်ရှိအခြေ အနေကို မြင်တွေ့ရသည်မှာ အင်မတန် စိတ် မကောင်းဖြစ်မိကြောင်း ဖွင့်ဟခဲ့သည်။

ဥရောပ အင်အားကြီးအသင်းများထဲတွင် တစ်သင်းအပါ အဝင်ဖြစ်ခဲ့သော အေစီမီလန်သည် အောင်မြင် မှုများ ပြန်လည်ရရှိရန် ရုန်းကန်နေရပြီး မြို့ခံ ပြိုင်ဘက် အင်တာမီလန်အသင်းကိုပင် ယှဉ်နိုင် စွမ်းမရှိပေ။

အေစီမီလန်သည် ရာသီသစ်မစတင်မီ နည်းပြ ဂတ်တူဆို၏နေရာ၌ အမ်ပိုလီနှင့် ဆမ်ဒိုးရီးယား နည်းပြဟောင်း ဂျီယန်ပါအိုလိုကို သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့သည်။ အေစီမီ လန်သည် ရာသီသစ် စီးရီအေ(၇)ပွဲတွင် (၃)ပွဲနိုင်၊ (၄)ပွဲရှုံးခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်က နည်းပြ ဂျီယန်ပါအိုလိုအား ရာထူးမှ ထုတ်ပယ်ခဲ့သည်။ အေစီမီလန်သည် နည်းပြသစ် အဖြစ် လာဇီယို နည်းပြဟောင်း ပီအိုလီအား ခန့်အပ်ရန် အစီအစဉ်များရှိနေကြောင်းအီတလီ သတင်းများက အခိုင်အမာ ဖော်ပြကြသည်။

အီဗရာဟီမိုဗစ်က "အေစီမီလန်အသင်းကို အခုလိုမျိုး မြင်တွေ့နေရတာက ကျွန်တော် တကယ်ကို စိတ်မကောင်းဘူး၊ အသင်းက ထိပ်တန်းဖြစ်မှ ရလဒ်နဲ့ ရင်းနှီးမြှုပ်နှံမှု ကောင်း မယ်။ ကမ္ဘာ့အကောင်းဆုံးသမားတွေ အဲဒီမှာ ကစားခဲ့ဖူးတယ်။ လက်ရှိမှာတော့ အခြေ အနေက ပြောင်းပြန်ပဲ။ အေစီမီလန်ဟာ အောင်မြင်မှုရဖို့ ပိုပြီး ရင်းနှီးမြှုပ်နှံရမယ်။ အရည်အချင်းကို အလကားတော့မရဘူး'ဟု ဆိုသည်။



ဖတ်ရှုမှုအများဆုံး