ဘင်္ဂလားဒေရှ့်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် အာဆာအစွန်း ရောက် စစ်သွေးြွက ၃၅၀ဝ ကျော် ခိုအောင်းနေသည်ဟု ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒို ဆွမ်းက (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥပဒေရေးရာ ကော်မတီ (ဆဋ္ဌမကော်မတီ)၏ ပဉ္စမအကြိမ်အစည်းအဝေး၌ ပြော ကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်က သတင်းထုတ်ပြန်သည်။
လွန်စွာအရေးကြီး
နိုင်ငံတကာအကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအစီအမံများဘာသာ ရပ်နှင့်ပတ်သက်၍ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဝင်ရောက် ဆွေးနွေးရာ၌ အာဆာအဖွဲ့သည် မြန်မာနိုင်ငံပြင်ပတွင် အခြေချပြီး ဒေသခံမူဆလင်များကို စည်းရုံးခြင်း၊ စစ်သင်တန်းများ ပို့ချခြင်းတို့ကို အင်တာနက်ဆက်သွယ်မှုများကတစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ အတူ အကြမ်းဖက်တိုက်ခိုက်မှုများကိုလည်း Whats App audio message ကဲ့သို့ အင်တာနက်ဆက်သွယ်မှုများကတစ်ဆင့် စီစဉ် ညွှန်ကြားလျက်ရှိကြောင်း၊ သို့ဖြစ်ရာ အာဆာအကြမ်းဖက်အဖွဲ့ကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှု၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများမှာ လွန်စွာအရေးကြီးကြောင်း ပြောဆိုခဲ့သည်။
ငြင်း၍မရနိုင်
အာဆာအကြမ်းဖက်အဖွဲ့သည် နိုင်ငံတကာအကြမ်းဖက်အဖွဲ့ များဖြစ်သည့် Al-Qaeda, ISIL နှင့် Tehrik-e-Taliban Pakistan (TTP) တို့၏ ကူညီပံ့ပိုးမှုများရရှိနေကြောင်း၊ မကြာသေးမီက နိုင်ငံခြား သား အကြမ်းဖက်သမားများက အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်၍ အာဆာအဖွဲ့အားပူးပေါင်းကူညီ ရန် ကြိုးစားခဲ့သည့် သာဓကရှိကြောင်း၊ ISIL နှင့် ဆက်နွှယ်မှုရှိသည့် အာဆာအကြမ်းဖက်သမားများကို မလေးရှားအာဏာပိုင်များက ယခု နှစ်မေလနှင့် ဇူလိုင်လအတွင်း ဖမ်းဆီးရမိခဲ့ခြင်းသည် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များနှင့် အာဆာအဖွဲ့၏ ဆက်နွှယ်မှုအပေါ် ငြင်း၍ မရနိုင်သည့် သက်သေဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မိမိတို့ရှုတ်ချ
ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ အေးချမ်းရေးနှင့် သဟဇာတဖြစ် ရေးတို့အတွက် အဓိက အဟန့်အတားမှာ အာဆာအဖွဲ့၏ အကြမ်း ဖက်အန္တရာယ်ဖြစ်ပြီး၊ ၎င်းတို့၏ ခြိမ်းခြောက်မှုများကြောင့် ရခိုင်ပြည် နယ်မှ နေရပ်စွန့်သူများ နေရပ်ပြန်ရေးကိုလည်း အတားအဆီးဖြစ် စေကြောင်း၊ ဂျာမနီနိုင်ငံ DW သတင်းဌာန၏ မကြာမီက ဖော်ထုတ် တင်ပြချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် အာဆာ အကြမ်းဖက်သမား ၃၅၀ဝ ကျော် ခိုအောင်းနေသည်ဟု သိရကြောင်း၊ ၎င်းတို့သည် နေရပ်ပြန်ရန် ဆန္ဒထုတ်ဖော်ပြောဆိုသူများ၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများ၊ အစွန်းရောက် စစ်သွေးြွကများကို နိုင်ငံရေး အရဖြစ်စေ၊ သံတမန် ရေးအရဖြစ်စေ၊ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာဖြစ်စေ အားပေးကူညီခြင်း ကို မိမိတို့ရှုတ်ချကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောကြားခဲ့သည်။















