ယူရိုခြေစစ်ပွဲ၌ အင်္ဂလန်အသင်း ၁၀ နှစ်အတွင်းပထမဆုံး ရှုံးပွဲကြုံ

ယူရိုခြေစစ်ပွဲ၌ အင်္ဂလန်အသင်း ၁၀ နှစ်အတွင်းပထမဆုံး ရှုံးပွဲကြုံ

အင်္ဂလန်  လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၁ ရက်က ယူရို ၂၀၂၀ ခြေ စစ်ပွဲအဖြစ် ချက်အသင်းနှင့် အဝေးကွင်း ယှဉ် ပြိုင်ခဲ့ရာ နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ကြောင့် ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ယူရိုခြေစစ်ပွဲ ရှုံးပွဲကြုံတွေ့ခဲ့ကြောင်း သိရသည်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်သည် တိုက်စစ်တွင် ဟယ်ရီကိန်းကို အထောင်ထား ခဲ့ပြီး ကွင်းလယ်တွင် စတာလင်း၊ မာဆန်မောင့်၊ ဆန်ချို၊ ဟန်ဒါဆန်နှင့် ဒီကလန်ရိုက်တို့ကို အသုံးပြုခဲ့သည်။ ချက်အသင်း၌လည်း အဓိက ကစားသမားများ အစုံအလင် ပါဝင်ခဲ့သည်။ အင်္ဂလန်အသင်းသည် ပွဲချိန် ငါးမိနစ်၌ ပင်နယ် တီမှတစ်ဆင့် ဦးဆောင်ဂိုးရရှိခဲ့ပြီး ဟယ်ရီ ကိန်းက သွင်းယူခဲ့သည်။ ချက်အသင်းသည် ပွဲချိန် ကိုးမိနစ်တွင် ချေပဂိုးပြန်ရခဲ့ပြီး ဘာ ဘက်က သွင်းယူခဲ့သည်။

ဒုတိယပိုင်း၌ နှစ်သင်းစလုံး အနိုင်ဂိုး ရရှိရန် ကြိုးစားခဲ့ရာ အိမ်ရှင် ချက်အသင်းက ပွဲပြီးခါနီး ငါးမိနစ်အလို အနိုင်ဂိုးရရှိခဲ့သည်။ ချက်အသင်းအတွက် အနိုင်ဂိုးကို နိုင်ငံတကာ ပွဲဦးထွက် ကစားခဲ့သော အွန်ဒရာဆက်ခ်က ပထမဆုံးကန်ချက်မှတစ်ဆင့် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ချက်အသင်းသည် ဂိုးပေါက်ခြိမ်း ခြောက်မှု ၁၇ ကြိမ်ရှိခဲ့ရာ အင်္ဂလန်အသင်း အနေဖြင့် ၂၀၁၃ ခုနှစ် မတ်လနောက်ပိုင်း ခြေစစ်ပွဲတစ်ခုတွင် ဂိုးပေါက်ခြိမ်းခြောက်မှု အများဆုံး ခံခဲ့ရသည်။

ချက်နှင့်ပွဲအပြီး အင်္ဂလန် လက်ရွေးစင် နည်းပြ ဆောက်ဂိတ်က ၎င်းတို့အသင်းအနေ ဖြင့် ကစားပုံမကောင်းခဲ့ကြောင်း  ပြောဆိုခဲ့ သည်။ဆောက်ဂိတ်က "ကျွန်တော်တို့  မကောင်း ခဲ့ပါဘူး။ ဒါကို လက်ခံရမှာပါ။ ချက်အသင်းရဲ့ စွမ်းဆောင်ရည်ကို ဂုဏ်ပြုရမှာပါ"ဟု ဝန်ခံ ပြောဆိုခဲ့သည်။ အင်္ဂလန်အသင်းသည် တနင်္လာ နေ့တွင် ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ဘူလ်ဂေး ရီးယားကွင်းသို့ သွားရောက်ကစားရမည်ဖြစ် သည်။

အင်္ဂလန်အသင်းသည် ယူရို ၂၀၂၀ ခြေ စစ်ပွဲ အုပ်စု (ဗ)တွင် ချက်နှင့် ရမှတ်(၁၂)မှတ်တူညီကာ ဂိုးကွားခြားမှု အသာဖြင့် ထိပ် ဆုံးက ဦးဆောင်နေသည်။



ဖတ်ရှုမှုအများဆုံး