ငြိမ်းချမ်းရေး နောက်ကြောင်းမပြန်ရေး အစိုးရနှင့်တပ်မတော် အလျှော့အတင်း ပြုလုပ်ရန်လိုဟု ဗိုလ်ချုပ်ကြီးယွက်စစ်ဆို

ငြိမ်းချမ်းရေး နောက်ကြောင်းမပြန်ရေး အစိုးရနှင့်တပ်မတော် အလျှော့အတင်း ပြုလုပ်ရန်လိုဟု ဗိုလ်ချုပ်ကြီးယွက်စစ်ဆို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ကြောင်း ပြန်မလှည့်ရေးအတွက် အစိုးရနှင့်တပ်မတော်တို့ ဘက်က ထိုက်သင့်သည့်အလျှော့အတင်းများ ပြုလုပ်ရန်လိုကြောင်း အင်န်စီအေလက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ယာယီခေါင်းဆောင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိကျင်းပခဲ့သည့် ပီပီ အက်စ်တီအစည်းအဝေးအပြီးတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

မျှမျှတတဖြစ်စေရေး

"ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ပြန် မလှည့်ဖို့အတွက် ကျွန်တော်တို့အားလုံးဝိုင်းဝန်း ထိန်းသိမ်းရပါမယ်။ အစိုးရ၊ တပ်မတော်တို့က ထိုက်သင့်တဲ့ အလျှော့အတင်းတွေပြုလုပ်ဖို့ လိုအပ်သလို ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း နှစ်ဦးနှစ်ဖက်အတွက် မျှမျှတတဖြစ်စေရေးကို ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးပျက်သွားရင် တိုင်းပြည်လည်း ဆင်းရဲသည်ထက်ဆင်းရဲပြီး ဆင်းရဲတွင်းနက်ထဲမှ ပြန်မထွက်နိုင်မှာကို စိုး ရိမ်မိပါတယ်"ဟု ၎င်းက ပြောဆိုခဲ့သည်။

တိုက်တွန်း

၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးလုပ်ငန်းစဉ်အဆင့်ဆင့်တို့သည် လာမည့် (၂၁)ရာစုပင်လုံအစည်းအဝေး၏ အဓိကကျ သည့်သဘောတူညီချက်တစ်ခုဖြစ်လာစေရေး အတွက် အားလုံးက ဝိုင်းဝန်းအားစိုက်လုပ် ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးမတည်မငြိမ်ဖြစ်နေသည့် လက်ရှိ အချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ရာ၌ ရှုထောင့်ပေါင်းစုံမှ ဆင်ခြင်သုံးသပ်ပြီး ကာလ၊ ဒေသ၊ ပုဂ္ဂလနှင့် လိုက်လျောညီထွေ ဖြစ်မှု၊ အစုအဖွဲ့အားလုံးအတွက် မျှမျှတတ ဖြစ်မှု၊ ပြည်ထောင်စုကောင်းကျိုးဦးထိပ်ထား မှုတို့ဖြင့် ဆက်လက်ဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

ညှိနှိုင်းမှုများလုပ်ရန်

သုံးရက်ကြာကျင်းပခဲ့သည့် အဆိုပါအစည်း အဝေးတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး(ှုဲဃြ) ကျင်းပနိုင်ရေးမူအားဖြင့် သဘောတူခဲ့ကြပြီး ယင်းအတွက်အစိုးရနှင့် ညှိနှိုင်းမှုများလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့အပြင် လူမှုကွန်ရက်တွင်ပေါက်ကြား ခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ နေပြည်တော် လုံခြုံရေးသတိပေးစာတွင် မြို့ကြီးများရှိ လူနေ ထူထပ်သောနေရာများ၌ ဖောက်ခွဲမှုများလုပ် မည်ဆိုသည့် အဖွဲ့အစည်းများစာရင်းတွင် ချင်းအမျိုးသားတပ်ဦးနှင့် ကေအင်န်ယူတို့ ပါဝင်နေမှုကိုလည်း ပီပီအက်စ်တီကကန့်ကွက် ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး