နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ဦးဆောင်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကျင်းပရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ညှိနှိုင်းမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များက အောက်တိုဘာ ၁၄ ရက်က ပြောဆိုသည်။
အစိုးရနှင့် အင်န်စီအေလက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရပ်ဆိုင်းသည့်ကာလ တစ်နှစ်ကျော်ကြာပြီ ဖြစ်ပြီး ဂျေအိုင်စီအမ် ခေါ်ယူရေးအတွက် အစိုးရ ဘက်က အဆိုပြုလာသည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က မူအားဖြင့် သဘော တူညီခဲ့သည်။
ဆွေးနွေးကြမည်
အင်န်စီအေစာချုပ် လေးနှစ်ပြည့်အတွက် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ တတိယပတ်အတွင်း ကျင်းပမည်ဖြစ်ပြီး ယင်းကာလအတွင်း ဂျေအိုင်စီအမ် အစည်းအဝေး ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေး ကြမည်ဟု သိရသည်။
ချမှတ်လေ့ရှိ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော် ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) သည် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အမြင့်ဆုံးအစည်း အဝေးတစ်ရပ်ဖြစ်ပြီး ယင်းအစည်းအဝေးက ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေး၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်အခြေခံမူများချမှတ်ရေး စသော အရေးကြီးသည့် ဆုံးဖြတ်ချက်များကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များက ချမှတ် လေ့ရှိသည်။
ဆုံးဖြတ်ခဲ့ကြ
အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်ကြာကျင်းပခဲ့သော ချင်းမိုင်မြို့မှ ပီပီ အက်စ်တီအစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (ှုဲဃြ) ကျင်းပနိုင်ရေး မူအားဖြင့် သဘောတူခဲ့ကြပြီး ယင်းအတွက် အစိုးရနှင့် ညှိနှိုင်းမှုများပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။















