နိုင်ငံတကာအကူအညီရယူရေး အစိုးရကန့်သတ်မှု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလက်မခံ

နိုင်ငံတကာအကူအညီရယူရေး အစိုးရကန့်သတ်မှု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလက်မခံ

အင်န်စီအေလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာအကူအညီများ လက်ခံရယူရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ ခွင့်ပြုချက်ရယူရန် ကန့်သတ်မှုကိုလက်မခံကြောင်း၊ အစိုးရကို တရားဝင်စာပို့ရန် ချင်းမိုင်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ချင်းမိုင်မြို့၌ ကျင်းပခဲ့သော အင်န်စီအေလက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေးတွင် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေးက ပြောဆိုသည်။

မဖြစ်သင့်

"ကျွန်တော်တို့ ဒီကိစ္စကို စာပို့ခဲ့တဲ့ အင်န်အာပီစီနဲ့ နိုင်ငံတော်သမ္မတကို စာပြန်ပို့ပါမယ်။ ဒီကိစ္စက မဖြစ်သင့်ပါဘူး။ ဒီလိုခွင့်ပြု ချက်ရယူပြီးမှဆိုတာ မဖြစ်သင့်ပါဘူး။ နှစ်ဖက်ပူးပေါင်း ညှိနှိုင်းပြီးတော့ လုပ်သင့်တယ်ဆိုတဲ့အကြောင်း တရားဝင်စာပို့သွားမယ်"ဟု ၎င်းက ချင်းမိုင်မှ သတင်းထောက်များကို ပြောဆိုသည်။

ကန့်သတ်ခဲ့

လွန်ခဲ့သည့် စက်တင်ဘာလအစောပိုင်းက အစိုးရဘက်မှ တိုင်းရင်းသားလက်နက်ကိုင် များထံ ပေးပို့ခဲ့သောစာတွင် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လိုအပ်ချက်များကို ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများနှင့် အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့ အစည်းများကို တိုက်ရိုက်ဆက်သွယ်ကာ အကူအညီတောင်းခံခြင်းမျိုးမပြုလုပ်ရန် ကန့်သတ် ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး