မီးဖွားတယ်ဆိုတာမိန်းမသားတွေအတွက်ကတော့ တကယ့်ကို အကြီးစားစိန်ခေါ်မှုကြီးတစ်ခုပါ။ ကိုယ်ဝန်ဆောင်တဲ့အချိန်ပြောင်းလဲမှုတွေကြုံရမယ် မီးဖွားချိန်ဆိုရင်လည်း ဗိုက်နာကတစ်မျိုးဒီကြားထဲ မီးဖွားပြီးရင်ရှောင်ရဆောင်ရမယ့် ပြဿနာခံစားရမယ့် ဝေဒနာတွေကရှိသေးတယ်မလား။
မီးဖွားပြီးတဲ့ အမျိုးသမီးတိုင်းဘာတွေ ဆက်ကြုံတွေ့ရနိုင်သလဲ။ ။ ဒါတွေသိထားမှ ကိုယ်လည်းကျန်းမာကလေးကိုလည်းသေချာဂရုစိုက်နိုင်မှာလေ။
ရိုးရိုးမီးဖွားပြီးနောက်ပိုင်း ကြုံကိုကြုံတွေ့ရနိုင်တာတွေကတော့
Postpartum hemorrhage
မီးဖွားပြီးနောက်ပိုင်းသွေးသွန်တတ်တာကတော့ ကြုံကိုကြုံရမယ့်ကိစ္စတစ်ခု။ မီးဖွားပြီးပြီးချင်း ၁၀ ရက်လောက်မှာတော့ မိန်းမကိုယ်ကနေသွေးဆင်းတာများနေတတ်ပြီးနောက်ပိုင်းကျရင်တော့ တဖြည်းဖြည်းနည်းသွားပါလိမ့်မယ်။ ဒါပေမယ့် ၆ ပတ် ၁ လလောက်ဖြစ်တဲ့အထိတောင် သွေးဆင်းတာများနေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာသွားပြဖို့ လိုအပ်နေပါပြီ။ ဆင်းတဲ့ သွေးပမာဏကလည်းတစ်နေ့ကိိုလစဉ်သုံးပစ္စည်း နှစ်ခုလောက်ပဲကုန်ရမှာပါ။ ဒါကိုတစ်နာရီတည်းနဲ့ လစဉ်သုံးပစ္စည်းတစ်ခုလုံး ပြည့်အောင် သွေးသွန်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာဆွေးနွေးဖို့လိုအပ်ပါတယ်။
Vagina hematoma
ရိုးရိုးမီးဖွားတဲ့အချိန် ကြုံတွေ့ရတတ်တဲ့ မိန်းမကိုယ်ပတ်လည် ထိခိုက်ဒဏ်ရာရတာစုတ်ပြဲတာတွေနဲ့ မွေးလမ်းကြောင်းချဲ့တာတွေ ကြောင့် မိန်းမကိုယ်မှာသွေးခြည်ဥတဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။
မွေးလမ်းကြောင်းချဲ့ထားတဲ့နေရာကနေပိုးဝင်ခြင်း
မွေးလမ်းကြောင်းချဲ့ပြီးတာ ပြန်ချုပ်လိုက်တယ်ဆိုပေမယ့် သေချာသန့်ရှင်းရေးမလုပ် ဂရုမစိုက်တဲ့အခါ အဲဒီချဲ့ထားတဲ့နေရာကနေပိုးဝင်ပြီး အနာရင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဆီးသွားရတာအခက်အခဲဖြစ်ခြင်း
ကိုယ်ဝန်ဆောင်ထားတဲ့ဒဏ်နဲ့ မီးဖွားထားတဲ့ ဒဏ်တွေကြောင့် ဆီးအိမ်တင်းနေတာမျိုးတွေ ဖြစ်တတ်ပြီးမီးဖွားပြီးပြီးချင်းဆီးသွားရတာအခက်အခဲရှိတတ်ပါတယ်။
လိပ်ခေါင်းထွက်ခြင်း
ကိုယ်ဝန်ကြောင့် ဝမ်းချုပ်ပြီးလိပ်ခေါင်းထွက်တာကတစ်မျိုး၊ မီးဖွားချိန် ညှစ်ထားရတော့ လိပ်ခေါင်းထွက်ချင်တာတစ်မျိုး၊ မွေးလမ်းကြောင်းချဲ့ထားတော့ ဝမ်းသွားရမှာစပ်နေတာကတစ်မျိုးနဲ့ ဝမ်းပိုချုပ် လိပ်ခေါင်းပိုထွက်တာမျိုး ဖြစ်တတ်ပါတယ်
ဒါမျိုးတွေ ကြုံတွေ့ရတတ်တယ်ဆိုတော့ ဘယ.်လိုတွေ ကြိုပြင်ဆင်ထားဖို့လိုမလဲ။
• Kegel exercise – တင်ပဆုံကြွက်သားတစ်ဝိုက်ကိုသန်စွမ်းအောင် လေ့ကျင့်ခန်းလုပ်တဲ့ Kegel exercise ပြန်လုပ်ပေးပါ. ဒါမှ ဆီးသွား၇ခက်တာနဲ့ ဝမ်းသွား၇ခက်တဲ့ ပြဿနာတွေ ဖြေရှင်းပြီးသားဖြစ်မှာပါ။
• မီးဖွားပြီး ၄၅ ၇က်အကြာ အမျိုးသားနဲ့ပြန်နေချိန် မိန်းမကိုယ်ခြောက်သွေ့တဲ့ ပြဿနာတွေ ရှိနိုင်တာကြောင့် လိင်ဆက်ဆံတာချောမွေ့စေဖို့ ချောဆီသုံးဖို့လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်
• ဝမ်းချုပ်တာကိုကာကွယ်ချင်ရင်တော့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ များများစားပေးဖို့လိုပါလိမ့်မယ်။
• သွေးခြည်ဥတဲ့ ပြဿနာကိုပြေလည်စေချင်ရင်တော့ ဖောင်းနေတဲ့နေရာကိုရေခဲသန့်သန့်လေးကပ်ပေးပါ။
• နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ ဆရာဝန်ဆီရက်ချိန်းအတိုင်းမှန်မှန်ပြန်သွားပြဖို့ပဲ ဖြစ်ပါတယ်။

















