အင်န်စီအေစာချုပ်ချုပ်ဆိုမှု လေးနှစ်ပြည့်နေ့၌ အစိုးရ၊ တပ်မတော်နှင့် လက်မှတ်ထိုးထားသည့် အာရ်စီအက်စ်အက်စ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့

အင်န်စီအေစာချုပ်ချုပ်ဆိုမှု လေးနှစ်ပြည့်နေ့၌ အစိုးရ၊ တပ်မတော်နှင့် လက်မှတ်ထိုးထားသည့် အာရ်စီအက်စ်အက်စ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လေးနှစ်သက်တမ်းပြည့်သည့် အောက်တိုဘာ ၁၅ ရက်တွင် တပ်မတော်နှင့် အင်န်စီအေစာချုပ် လက်မှတ်ရေးထိုးထား သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၅ခုနှစ်အောက်တိုဘာ ၁၅ ရက်က ချုပ်ဆိုခဲ့သော အင်န်စီအေ စာချုပ်သည် ယခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် လေးနှစ်ပြည့်ခဲ့ခြင်းဖြစ်သည်။

လေးနှစ်နှစ်ပတ်လည်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အာရ်စီအက်စ် အက်စ်၏သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ထိတွေ့ပစ်ခတ်မှု

မိုင်းပန်မြို့နယ် နောင်ဟီးကျေးရွာ ပတ်ဝန်းကျင်သည် အာရ်စီအက်စ်အက်စ်၏ လှုပ် ရှားနယ်မြေဖြစ်ပြီး တပ်မတော်က ဆက်သွယ်အသိပေးခြင်းမရှိဘဲ ဝင်ရောက်လာခြင်း ကြောင့် ယခုကဲ့သို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

အာရ်စီအက်စ်အက်စ်သည် ရှမ်းပြည်နယ်အတွင်း အင်အားကြီးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလကတည်းက အင်န်စီ အေစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့ဖြစ်သည်။

တာဝန်ယူထား

အာရ်စီအက်စ်အက်စ်၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် အင်န်စီအေစာချုပ်လက် မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့တွင် ယာယီခေါင်းဆောင် တာဝန်ယူထားသူလည်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး