Endometriosis သားအိမ်အတွင်းဆဲလ်များနေရာလွဲခြင်း

Endometriosis သားအိမ်အတွင်းဆဲလ်များနေရာလွဲခြင်း

မိန်းကလေးတိုင်းအသက်အရွယ်အရွေးခံစားရတဲ့ မီးယပ်ပိုင်းဆိုင်ရာရောဂါထဲမှာ Endometriosis က တစ်ခုအပါအဝင်ပါ။ သိကြတယ်မလား။ ရာသီလာရင် သူများတွေလိုကိုက်ခဲတာမျိုးမဟုတ်ဘဲဆေးသောက်လည်းမပျောက် ရေနွေးအိတ်လည်းကပ်လည်းမပျောက်တာမျိုးလေ။ ဒါမျိုးဆိုရင် သူ့မှာ Endometriosis ရှိနေပြီလို့ ယူဆရပါတယ်။

Endometriosis ဆိုတာဘာလဲ

Endometriosis ဆိုတာ သားအိမ်အတွင်းဆဲလ်တွေ နေရာလွဲတယ်ဆိုတော့ မမျိုးဥအိမ်၊ မျိုးဥပြွန်နဲ့ တင်ပဆုံပိုင်းအတွင်းတစ်ရှူးနံရံတွေ အကုန် ပုံမှန်မဟုတ်တော့တဲ့ ပြဿနာပါ။ Endometriosis ရှိနေတဲ့အခါ နေရာလွဲသွားတဲ့ endometrial tissue တွေက ဓမ္မတာတစ်ခါလာတိုင်းထူထူလာမယ် နောက်ပိုင်းပေါက်ကွဲပြီးသွေးထွက်တာကနေရာသီသွေးဆင်းများတာပုံမှန်ထက်ပိုပြီးကိုက်ခဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီပေါက်ကွဲထွက်သွားတဲ့ သားအိမ်တစ်ရှူးအပိုင်းအစတွေကကိုယ်ခန္ဓာအပြင်ကိုထွက်စရာမရှိတော့ သွားပုံနေတတ်ပြီးနောက်ပိုင်းအသားလုံးတည်တဲ့ ပြဿနာတွေ ဆက်ဖြစ်လာပါတော့တယ်။

•    ဖြစ်တဲ့ နေရာလွဲတဲ့တစ်ရှူးတွေထဲမှာ မမျိုးဥပါပါနေတယ်ဆိုရင် endometriomasလို့ခေါ်တဲ ့အရည်အိတ်လေးဆက်ဖြစ်လာမယ်။
•    ဘေးဘက်ကတစ်ရှူးတွေ ကိုထိခိုက်မိသလိုဖြစ်ပြီးအနာရွတ်တွေဖြစ်၊ နောက်ပိုင်းကလီစာတစ်ခုနဲ့တစ်ခုကပ်ကုန်တာမျိုးတွေဖြစ်သွားတတ်ပါတယ်။
•    အပေါ်မှာပြောသလို ရာသီလာချိန် တစ်ရှူးတွေထူပြီးပေါက်ကွဲကုန်တာကြောင့် Endometriosis ရှိနေတဲ့ သူအများစုဟာ ဓမ္မတာကြောင့်ကိုက်ခဲတာကို ပြင်းထန်စွာခံစားရတတ်ပါတယ်။

လက္ခဏာတွေကတော့

primary symptom လို့ခေါ်တဲ့ ဦးဆုံးဖြစ်နိုင်တဲ့ လက္ခဏာကတော့
•    Painful periods (dysmenorrhea ) လို့ခေါ်တဲ့ ဓမ္မတာလာချိန် တင်ပဆုံတစ်ဝိုက်နာကျင်ကိုက်ခဲတဲ့ပြဿနာပါ။ ဓမ္မတာလာချိန် ကိုက်ခဲတတ်တယ်ဆိုပေမယ့် Endometriosis ရှိနေတဲ့သူတွေကအခြားသူတွေထက်ကိုပိုပြင်းထန်ပါတယ်။ ကြာလာလေလေကိုက်ခဲတာပိုဆိုးလာလေလေပါပဲ။
နောက်အဖြစ်များတဲ့ လက္ခဏာတွေကတော့
•    လိင်ဆက်ဆံချိန် နာကျင်မယ်။ လိင်ဆက်ဆံနေချိန်နဲ့ ဆက်ဆံပြီးချိန်တွေဆိုပိုပြီးနာကျင်တတ်ပါတယ်။
•    ဝမ်းသွားဆီးသွားတဲ့အခါမှာလည်းနာကျင်တတ်ပြီးဓမ္မတာလာချိန်တွေဆိုနာတာပိုသိသာပါတယ်။
•    ရာသီသွေးဆင်းတာလည်းသူများတွေထက် များနေတတ်သလိုတစ်လထဲရာသီ ၂ ကြိမ်ပြန်လာတာမျိုးတွေတောင် ရှိတတ်ပါတယ်။
•    နောက်ပြီးရာသီလာနေချိန် ပျို့အန်ချင်တာ နုန်းခွေတာဝမ်းလျှော ဝမ်းချုပ်တာမျိုးတွေ အခြားသူတွေထက် ပိုခံစားရတတ်ပါတယ်။
•    တစ်ရှူးတွေ ပေါက်ကွဲအမာရွတ်တွေဖြစ်တာကြောင့် နောက်ပိုင်းကျရင် ကလေးရဖို ့ခက်ခဲနိုင်တဲ့ အနေအထားတွေ တောင် ဆက်ဖြစ်သွားနိုငိ်ပါတယ်။
Endometriosis နဲ့ ဆင်တူသလိုလိုရှိတဲ့ အခြားရောဂါတွေလည်းရှိပါတယ်။
အပေါ်မှာပြောထားတဲ့ လက္ခဏာတွေ ရှိတိုင်း Endometriosis ဖြစ်နေပြီလို့ တစ်ထစ်ချကောက်ချက်ချလို့လည်း မ ရသေးပါဘူး။ Endometriosis နဲ့ ဆင်တူတဲ့ တင်ပဆုံနားတစ်ဝိုက်ကိုက်ခဲခြင်းကိုဖြစ်စေတဲ့  အခြားရောဂါတွေလည်းရှိပါသေးတယ်။ သူတို့ကတော့
•    pelvic inflammatory disease (PID) – တင်ပဆုံတစ်ဝိုက် ရောင်ရမ်းနာကျင်ခြင်းရောဂါ
•    ovarian cysts – မမျိုးဥအိမ်ရေအိတ်တည်ခြင်းရောဂါ
•    irritable bowel syndrome (IBS) – လို့ခေါ်တဲ့ အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ခြင်းရောဂါတို့ပဲ ဖြစ်ပါတယ်။
လက္ခဏာတွေ ဆင်တူသလိုရှိတဲ့ ရောဂါတွေ အကြောင်းသာပြောနေတာဒီ endometriosis ဘာ့ကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းခုမှ လာမှာပါ။

Endometriosis ဘာ့ကြောင့်ဖြစ်ရတာလဲ

ဖြစ်ရတဲ့အကြောင်းအရင်းတိတိပပမရှိဘူးဆိုပေမယ့် အဖြစ်များနိုင်တဲ့ ပြဿနာတွေကတော့
•    retrograde menstruation – ဓမ္မတာသွေးနောက်ပြန်စီးခြင်း – ဒီပြဿနာမှာတော့ သူ့ပုံမှန်လမ်းကြောင်းအတိုင်းစီးပြီးမိန်းမကိုယ်အပြင်ဘက်ကိုထွက်ရမယ့် ရာသီသွေးတစ်ချို့ဟာနေရာမှားနေတဲ့ endometrial cells တွေနဲ့အတူအပြင်ကိုမထွက်ဘဲမျိုးဥပြွန်ဘက်ကိုပြောငး်ပြန်စီးတာပါ။
•    ဟော်မုန်းနဲ့ ခုခံအားစနစ်ကြောင့် ပြောင်းလဲမှုခြင်း
•    အီစတိုဂျင်ဟော်မုန်းက embryonic cells တွေကိုပြောင်းလဲလိုက်ခြင်း
•    သားအိမ်ထုတ်တာ၊ ခွဲမွေးပြီးကလေးမီးဖွားရာကနေကျန်ခဲ့တဲ့ အနာရွတ်တွေကြောင့် ဆဲလ်တွေ ပြောင်းလဲသွားခြင်းနဲ့
•    ခုခံအားနစ်အပြောင်းအလဲတွေကြောင့် ဆဲလ်အချင်းချင်းပြန်တိုက်ခြင်းစတာတွေက Endometriosis ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021