နီပေါသမ္မတနိုင်ငံသမ္မတ မစ္စစ်ဘီဒီယာဒေဗီဘန်ဒါရီ မြန်မာနိုင်ငံသို့ရောက်ရှိ

နီပေါသမ္မတနိုင်ငံသမ္မတ မစ္စစ်ဘီဒီယာဒေဗီဘန်ဒါရီ မြန်မာနိုင်ငံသို့ရောက်ရှိ

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတမစ္စစ်ဘီဒီယာဒေဗီဘန်ဒါရီသည် အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံသမ္မတသည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၁၆ ရက်မှ ၂၀ ရက်အထိ ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းခရီးစဉ်အတွင်း နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည့်အပြင် မြန်မာနိုင်ငံအတွင်းရှိ နေရာအချို့ကို အလည်အပတ်သွားရောက်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

ပါဝင်ဆောင်ရွက်

သမ္မတ မစ္စစ်ဘီဒီယာဒေဗီဘန်ဒါရီသည် နီပေါနိုင်ငံ၌ ကျား-မခွဲခြားဆက်ဆံမှုအဆုံးသတ် ရေးနှင့် အမျိုးသမီးအခွင့်အရေးရရှိရေးတို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် ခဲ့သူဖြစ်သည်။ ၎င်း၏စွမ်းဆောင်ချက်များကြောင့် နီပေါနိုင်ငံ၏ နိုင်ငံတော် အဆင့်အဖွဲ့အစည်း များ၌ အမျိုးသမီးများအနေဖြင့် ၃၃ ရာခိုင်နှုန်း ကိုယ်စားပြုပါဝင် ခွင့်ပြုကြောင်း နီပေါနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြဋ္ဌာန်းခဲ့ရသည်။ ထို့အပြင် နီပေါနိုင်ငံ ပတ်ဝန်းကျင်နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးအဖြစ် ၁၉၉၇ ခုနှစ်တွင်လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီးအဖြစ် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ် အထိလည်းကောင်း ခန့်အပ်ခြင်း ခံခဲ့ရသည်။

ဒုတိယသက်တမ်း

ထို့နောက် နီပေါနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ၂၀၁၅ ခုနှစ်အောက်တိုဘာ ၂၈ ရက်တွင် ရွေးချယ်ခြင်းခံခဲ့ရပြီး ၂၀၁၈ ခုနှစ်မတ် ၁၃ ရက်မှစတင်၍ သမ္မတအဖြစ် ဒုတိယ အကြိမ်သက်တမ်းကို ထမ်းဆောင်လျက်ရှိသူဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး