အိုးထရက်ဖို့ဒ်မှာ လီဗာပူးရဲ့ တိုက်စစ်ကို မန်ယူတောင့်ခံနိုင်ပါ့မလား

အိုးထရက်ဖို့ဒ်မှာ လီဗာပူးရဲ့ တိုက်စစ်ကို မန်ယူတောင့်ခံနိုင်ပါ့မလား

အဲဗာတန် − ဝက်စ်ဟမ်း

စနေ၊ ညနေ ၆းဝဝ

အဲဗာတန်ဟာ လေးပွဲဆက်တိုက် ရှုံးထားပါတယ်။ ကစားသမားအနေအထားနဲ့ယှဉ်ရင် ဆိုးရွားတဲ့ရလဒ်ပါ။ ဒါကြောင့်ဒီပွဲကအဲဗာတန်အတွက် အလွန်အရေးပါနေပါတယ်။ ဝက်စ်ဟမ်းကလည်းနောက်ဆုံးပွဲရှုံးထားပါတယ်။ ဝက်စ်ဟမ်းဟာ အဝေးကွင်းကစားပုံ ကောင်းလှတဲ့အသင်းမဟုတ်ပါဘူး။ သရေထိန်းကစားတဲ့ အသင်းမျိုးဖြစ်လို့အဲဗာတန်ရဲ့ ဖိအားကို ခံရပါလိမ့်မယ်။အဲဗာတန်တိုက်စစ်ပိုင်း အပြောင်းအလဲဖြစ်လာနိုင်ပြီး ဂိုးသွင်းနိုင်ပါလိမ့်မယ်။ အဲဗာတန် နိုင်ပွဲပြန်ရလာပါလိမ့်မယ်။

ဗီလာ − ဘရိုက်တန်

စနေ၊ ည ၈း၃ဝ

နှစ်စသင်းလုံး နောက်ဆုံးပွဲတွေမှာ အနိုင်ကစားထားကြပါတယ်။ တိုက်စစ်က ဂိုးတွေလည်း အများအပြားသွင်းခဲ့ကြပါတယ်။ ဗီလာဟာပြင်ဆင်အားကောင်းပြီး မတည်ငြိမ်သေးပါဘူး။ တိုက်စစ်အား ထူးထူးခြားခြားကောင်းနေပါတယ်၊ ဘရိုက်တန်ဟာ အဝေးကွင်းမှာသုံးပွဲဆက်တိုက် ဂိုးမသွင်းနိုင်ပါဘူး။ ဗီလာတိုက်စစ်နဲ့ကွင်းလယ် တော်တော်လေးကောင်းလာလို့ အခုလည်း ဂိုးသွင်းနိုင်ပါလိမ့်မယ်။ ဗီလာမရှုံးနိုင်ပါဘူး။ အနိုင်နဲ့သရေပါ။

ဘုန်းမောက် − နော်ဝစ်ချ် 

စနေ၊ ည ၈း၃ဝ

ဘုန်းမောက်က တိုက်စစ်အားကောင်းတဲ့အသင်းဖြစ်ပါတယ်။ ကာလန်ဝီလ်ဆင်၊ ဟာရီဝီလ်ဆင်၊ ဂျိုရှုအာကင်းတို့ အတွဲမိမိကစားနိုင်ကြပါတယ်၊ နော်ဝစ်ချ်က အဝေးကွင်းမှာ တစ်ဂိုးသာသွင်းထားနိုင်ပါတယ်။ ခံစစ်လည်းအားနည်းပါတယ်၊ တိုက်စစ်အားကောင်းတဲ့ ဘုန်းမောက်ကို နော်ဝစ်ချ်နိုင်ဖို့မလွယ်ပါဘူး။ဘုန်းမောက် နှစ်ဂိုးပြတ်သွားနိုင်ပါတယ်။

ချယ်လ်ဆီး − နယူးကာဆယ်

စနေ၊ ည ၈း၃ဝ

နယူးကာဆယ်ဟာ တော့တင်ဟမ်၊ မန်ယူတို့ကို အနိုင်ကစားတဲ့အသင်းပါ၊ လီဗာပူးကိုတော့ရှုံးနိမ့်ထားပါတယ်၊ အခု ချယ်လ်ဆီးကွင်းမှာ နယူးကာဆယ် ခံစစ်ကစားလာနိုင်ပါတယ်။ ချယ်လ်ဆီးမှာ အေဗရာဟင်၊ မေဆင်မောင့်၊ အိုဒွိုင်း တို့လိုလူငယ် ကစားသမားတွေဟာဂျော်ဂျင်ဟို၊ ဝီလျံတို့နဲ့ အတွဲမိမိကစားနေပါတယ်၊ နယူးကာဆယ်ကခြေပုံမှန် မရှိပါဘူး၊ အခုချယ်လ်ဆီးကို ခံစစ်ဦးစားပေး ကစားလာနိုင်ပါတယ်။ ချယ်လ်ဆီးလူငယ်တွေ ကစားပုံကောင်းနေလို့ နယူးကာဆယ်အခက်တွေ့နိုင်ပါတယ်။ ချယ်လ်ဆီးနှစ်ဂိုးပြတ်တော့ အနိုင်ရပါလိမ့်မယ်။

လက်စတာ − ဘန်လေ

စနေ၊ ည ၈း၃ဝ

လက်စတာကတော့ အသင်းကြီးစတိုင်နဲ့ကစားနေပါတယ်၊ ဗာဒီနဲ့အတူ မက်ဒီဆန်၊ ဘင်ချီဝဲလ်၊ တိုင်လီမန်၊ အင်ဒီဒီတို့ အကောင်းဆုံး ကစားနေကြပါတယ်။ တိုက်စစ်အားကောင်းတဲ့အသင်းပါ၊ ဘန်လေက အဝေးကွင်းမှာ သရေတွေ အများဆုံးကစားနေပါတယ်။ ဝုဗ်၊ ဘရိုက်တန်၊ ဗီလာတို့ကို သရေကစားထားပါတယ်။ အဝေးကွင်းဆိုရင် ခက်ခက်ခဲခဲ ကစားရတဲ့အသင်းပါ၊ အခု လက်စတာကို မထင်တာလုပ်ပြဖို့မလွယ်ပါဘူး။ လက်စတာအနိုင်က နှစ်ဂိုးပြတ်ပါလိမ့်မယ်။

စပါး − ဝက်ဖို့ဒ်

စနေ၊ ည ၈း၃ဝ

တောတင်ဟမ်ဟော့စပါးကတော့ တော်တော် အခြေအနေဆိုးနေပါတယ်၊ ပိုချက်တီနိုအနာဂတ်လည်းမလွယ်ပါဘူး။ ခံစစ်ပိုင်းတော်တော် အားနည်းနေပါတယ်။ အခုပွဲကအိမ်ကွင်းဖြစ်နေ တော့ ပိုချက်တီနိုဟာ တော်တော်လေး ပြင်ဆင် မယ်လို့ ယူဆရပါ တယ်။ ဝက်ဖိုဒ်က နည်းပြသစ် လက်ထက် မှာ နိုင်ပွဲ မရသေးပါဘူး၊ အာဆင် နယ်၊ ရှက်ဖီးတို့ကို အိမ် ကွင်းမှာသရေတွေသာကစားထားနိုင်ပါတယ်၊ အခုတော့တင်ဟမ်ကွင်းမှာ ဝက်ဖို့ဒ်ဟာ မထင်တာလုပ်ဖို့ မလွယ်ပါဘူး၊ တော့တင်ဟမ် နှစ်ဂိုးပြတ် အနိုင်ရသွားပါလိမ့်မယ်။

ဝုဗ် − ဆောက်သမ်တန်

စနေ၊ ည ၈း၃ဝ

ဝုဗ်ဟာ ယုံကြည်မှုပြန်ရလာနေပါပြီ။ ဝက်ဖို့ဒ်ကို အနိုင်ရပြီးတော့ မန်စီးတီးကို အဝေးကွင်းမှာပါ ထပ်နိုင်လိုက်တာက ဝုဗ်ဟာခြေပြန်ကောင်းလာတာကို ပြနေပါတယ်။ နောက်ဆုံး သုံးပွဲမှာ ခုနစ်မှတ်ရထားပါတယ်။ ဆောက်သမ်တန်က သုံးပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်၊ ခံစစ်ကတော်တော်လေးအားနည်းနေတဲ့ အသင်းဖြစ်ပါတယ်၊ ဝုဗ်ဗာဟန်တန်ဟာ ခံစစ်ပြန်ငြိမ်နေလို့ ဆောက်သမ်တန် ထိုးဖောက်ရခက်ခဲနိုင်ပါတယ်။ ဂျီမီနက်ဇ်၊ ဂျိုတာတို့ ဂိုးသွင်းနိုင်လို့ ဝုဗ်ဗာဟန် တန်နိုင်ပွဲထပ်ရလာနိုင်ပါတယ်။

ပဲလေ့စ် − မန်စီးတီ

စနေ၊ ည ၁၁းဝဝ

မန်စီးတီးကတော့ နော်-ဝစ်ချ်ကိုရှုံး၊ ဝုဗ်ဗာဟန်တန်ကိုရှုံး အခြေအနေတွေနဲ့ ကြုံတွေ့နေပါတယ်၊ မနှစ်ကလည်း ပဲလေ့စ်ကို အိမ်ကွင်းမှာ ရှုံးခဲ့ပါတယ်၊ အခု ပဲလေ့စ်ဟာရစ်သမ်မှန်နေပါတယ်၊ နောက်ဆုံး ခြောက်ပွဲမှာ တစ် ပွဲသာရှုံးထားပါတယ်၊ အသင်းအနေထားက ကွာဟပေမဲ့ မန်စီးတီးဟာ ခက်ခက်ခဲခဲ ကစားရနိုင်ပါတယ်။ ပဲလေ့စ်တုံ့ပြန်အားကို မန်စီးတီးခံစစ်ကြုံတွေ့နိုင်ပါတယ်။ မန်စီတီးကစားသမားတွေ နိုင်ငံတကာပွဲတွေ ကစားထားလို့ပွဲလည်းပန်းနေပါတယ်။ အခုပွဲမှာ မန်စီးတီးနိုင်မယ်ဆိုရင် ဂိုးမပြတ်နိုင်ပါဘူး။

မန်ယူ − လီဗာပူး 

တနင်္ဂနွေ၊ ည ၁ဝးဝဝ

ဒီတစ်ပတ်ရဲ့ပွဲကြီး ပွဲကောင်းဖြစ်ပါတယ်၊ ဒီပွဲဟာ ဆိုးလ်ရှားရဲ့အနာဂတ်လည်းဖြစ်သွားနိုင်ပါတယ်။ ဒီရာသီခြေစွမ်းချင်းကတော့ တော်တော်လေးကို ကွာဟနေပါတယ်။အရင်က အိုးလ်ထရက်ဖို့ဒ်ကွင်းဆိုရင် ပြိုင်ဘက်တွေထိတ်လန့်ကြပေမဲ့ အခုတော့ ဘယ်အသင်းကမှ မကြောက်ကြတော့ပါဘူး။ လီဗာပူးက ချန်ပီယံခြေစွမ်းပြသနေပါတယ်။ ဖာမီနို၊ဆာလာ၊ မာနေးတို့လည်း နားရက်တွေအပြည့်ရနေပါတယ်။ မန်ယူဟာ ဂိုးတစ်ဂိုးသွင်းဖို့ ခက်ခဲနေတဲ့အသင်းဖြစ်ပါတယ်။ ခံစစ်ကလည်း အားနည်းနေဆဲဖြစ်လို့ အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးအနိုင်ရပါလိမ့်မယ်။

ရှက်ဖီးလ် − အာဆင်နယ်

အင်္ဂါ၊ နံနက် ၁း၃ဝ

ရှက်ဖီးလ်က တန်းတက်အသင်းဆိုပေမဲ့ ကစားပြီးတဲ့ ရှစ်ပွဲမှာ ကိုးမှတ်ရထားပါတယ်။ အိမ်ကွင်းထက် အဝေးကွင်းပွဲတွေမှာ ရလဒ်ကောင်းခဲ့ပါတယ်။ အိမ်ကွင်းမှာ ဆောက်သမ်တန်၊ လက်စတာ၊ လီဗာပူတို့ကို ရှုံးနိမ့်ခဲ့ပါတယ်။အသင်းလိုက်ကစားအားကောင်းတဲ့ အသင်းဖြစ်ပါတယ်။ ဒီအသင်းမှာ အိုင်ယာလန်၊ မြောက်အိုင်ယာလန် လက်ရွေးစင်တွေရှိနေလို့ ပွဲပန်းနေနိုင်ပါတယ်၊ အာဆင်နယ်က ခံစစ်အားနည်းပေမဲ့ တိုက်စစ်အားကောင်းလို့ ရှက်ဖီးလ်ကွင်းမှာ အာဆင်နယ်အနိုင်ရပါလိမ့်မယ်။



ဖတ်ရှုမှုအများဆုံး