ထားဝယ်မြို့နယ်တွင် ကျပ် ၁၀၀၀၀ တန်ငွေစက္ကူအတု ၃၆ ရွက်နှင့်အတူ ဖမ်းဆီးရမိသူကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိaကြာင်း အောက်တိုဘာ ၁၇ ရက်တွင် ရဲတပ်ဖွဲ့မှသိရသည်။
အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ထားဝယ်မြို့၊ အနောက်တွင်း ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်၌ ငွေတုကိုင်ဆောင်သူတစ်ဦးရောက်ရှိနေကြောင်းသတင်း အရ ထားဝယ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်နိုင်မိုး ဦးစီးသည့်အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့သည်။
အဆိုပါ လက်ဘက်ရည်ဆိုင်အတွင်း၌ သတင်းရရှိထားသူ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်နေ ကောင်းထက်ဇော်(၃၂)နှစ်ကို သက်ဆိုင်ရာက ရှာဖွေစစ်ဆေးခဲ့သည်။
၎င်းကိုင်ဆောင်သည့် BERSACE စာတမ်းပါ အနက်ရောင်အိတ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ကျပ်တစ်သောင်းတန် ၃၆ ရွက်နှင့် OPPO လက်ကိုင်ဖုန်းတစ်လုံးတိုကို သိမ်းဆည်းခဲ့ပြီး ငွေစက္ကူအတုကိုင်ဆောင်အသုံးပြုမှုနှင့်ဆက်စပ်၍ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက်ကြောင်း ကနဦး သတင်းများအရ သိရသည်။
ဖမ်းဆီးရမိသူ ကောင်းထက်ဇော်ကို ထားဝယ်မြို့မရဲစခန်းက မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ အရ အမှုဖွင့်ထားသည်။

















