ဆောင်းအေးအေးမှာ နွေးထွေးကျန်းမာနေစေဖို့

ဆောင်းအေးအေးမှာ နွေးထွေးကျန်းမာနေစေဖို့

မနက်ခင်းအိပ်ရာနိုးလာချိန်မှာစကြားလိုက်ရတဲ့ ကျျာကျာကျည်ကျည် ကျေးငှက်သံလေးတွေ၊ အိပ်ရာထလို့ ပြတင်းပေါက်ဖွင့်လိုက်တဲ့အချိန်မှာမျက်နှာနားကနေဖြတ်တိုက်သွားတဲ့ လေနုအေးလေးတွေကြောင့် ဆောင်းရာသီရဲ့ အငွေ့အသက်ကိုစတင်ခံစားနေရပြီဟုတ်။ 

မိုးကုန်လို့ ဆောင်းကိုစရောက်လာတဲ့ အငွေ့အသက်လေးကိုပီပီပြင်ပြင်မခံစားရသေးပေမယ့် မကြာခင်အေးလာတော့မယ်ဆိုတာကိုတော့ခံစားရနေပါပြီ။

ဆောင်းရာသီကပျော်စရာကောင်းလား

ဆောင်းရာသီကအေးမြမှုနဲ့အတူသဘာဝပတ်ဝန်းကျင်ကလည်းကဗျာဆန်လာပြီလေ။ စာဖွဲ့လို့ကောင်းတဲ့ရာသီပေါ့။ ဆောင်းရာသီမှာမကောင်းတာတစ်ခုကတော့ အအေးဒဏ်ကြောင့် နှာစေးနှာပိတ်တာ၊ ဖျားနာတာနဲ့ အသားအရေခြောက်သွေ့တာတွေပါ။ ဒီတော့ ကဗျာဆန်တဲ့ဆောင်းရာသီမှာသဘာဝပတ်ဝန်းကျင်ရဲ့ အလှတရားကိုကျန်းကျန်းမာမာနဲ့ ခံစားနိုင်စေဖို့ဆိုရင် အစာအာဟာရကိုကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တတ်ဖို့လိုပါမယ်။

ကဲ…ပျော်စရာကောင်းတဲ့ဆောင်းရာသီလေးဖန်တီးကြည့်ရအောင်လား……
ပျော်စရာကောင်းတဲ့ ဆောင်းရာသီလေးဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေရှိပါတယ်။ ဒါတွေကဘာတွေဖြစ်မလြ တူတူဆက်ကြည့်လိ်ုက၇အောင်နော်။

  •     အသားအရေခြောက်သွေ့မှုကင်းစေဖို့ ရေများများသောက်ပါ
  •    ကိုယ်ခံအားကောင်းစေဖို့ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
  •    အာဟာရမျှတအောင်စားပါ
  •    အရေပြားပေါ်ကဆဲလ်သေတွေကိုပုံမှန်ဖယ်ရှားပေးပါ

ဆောင်းရာသီမှာကျန်းမာစေဖို့ ဘာတွေစားမလဲ…..

အေးမြတဲ့ ဆောင်းရာသီမှာ ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက် ဒါလေးတွေကအကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။

ဗီတာမင် C ကြွယ်ဝနေတဲ့ သစ်သီး

ဗီတာမင် C ကကိုယ်ခံအားကောင်းစေတယ်ဆိုတာအထွေအထူးတောင် ပြောနေစရာမလိုပါဘူး။ ဒါကြောင့် ဆောင်းရာသီမှာအအေးဒဏ်ကြောင့် ဖျားနာမှုကင်းစေဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီးအပါအဝင် အချဉ်အရသာရှိတဲ့ အသီးတွေကိုစားသုံးပေးလို့ရပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်သလိုအအေးမိ၊ဖျားနာတာကိုလည်းအကောင်းဆုံးတိုက်ထုတ်ပေးနိုင်မှာပါ။

စွပ်ပြုတ် ပူပူလေး

ခန္ဓာကိုယ်ကို နွေးထွေးစေပြီးအာဟာရကိုအကောင်းဆုံးဖြည့်ပေးနိုင်တဲ့ အစားအစာတစ်ရပ်ပေါ့။ အသားစွပ်ပြုတ်ရယ်လို့ မဟုတ်ပါဘူး။ အသီးအရွက်စွပ်ပြုတ်တေါကလည်း ခန္ဓာကိုယ်ကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ရွှေဖရုံသီး၊ ချင်း (ဂျင်း) ၊ကြက်သွန်ဖြူတို့ကိုအချိုးကျရောစပ်ထားတဲ့ စွပ်ပြုတ်ကလည်း ခန္ဓာကိုယ်ကိုအားပြည့်စေနိုင်မှာပါ။ အသားစွပ်ပြုတ် ပူပူနွေးနွေးလေးကလည်းဆောင်းရာသီမှာအရသာပြည့်ဝတဲ့ စားစရာတစ်ရပ်ပေါ့။

ကန်စွန်းဥ 

ဗီတာမင် A၊ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့ အသီးအနှံတစ်မျိုးပါ။ ကင်ဆာကိုတိုက်ဖျက်ပေးနိုင်ပြီး ခန္ဓာကိုယ်ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ မနက်စာအနေနဲ့ စားလို့ရသလိုနေ့ခင်းနေ့လယ် အဆာပြေအနေနဲ့လည်းစားလို့ရပါတယ်။

ချင်း (ဂျင်း) လက်ဖက်ရည်

ချင်း (ဂျင်း) မှာခန္ဓာကိုယ်ကို နွေးထွေးစေတဲ့ အာနိသင်ပါဝင်နေပါတယ်။ သွေးလည်ပတ်မှုကိုကောင်းစေပြီး ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးပါတယ်။ အစာခြေစနစ်ကိုလည်းကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် အေးမြတဲ့ ဆောင်းရာသီမှာ နွေးထွေးမှုလေးရပြီးကျန်းမာစေဖို့ ချင်း (ဂျင်း) လက်ဖက်ရည်သောက်ပေးလို့ရပါတယ်။

မုန်လာဥနီ

ဗီတာမင် Aနဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေပြီးအသားအရေကိုပါထိန်းသိမ်းပေးနိုင်မှာပါ။ ဒါကြော်င့ ဆောင်းအေးအေးလေးမှာမုန်လာဥနီဖျော်ရည်လေးသောက်ဖို့ မမေ့ပါနဲ့။

Oatmeal

မနက်စာအနေနဲ့ရောနေ့လယ်အဆာပြေအနေနဲ့ပါစားလို့ရပါတယ်။ အမျှင်ဓာတ်ကြွယ်ဝသလိုဇင့်ဓာတ်လည်းကြွယ်ဝစွာပါဝင်နေပါတယ်။ ဆောင်းရာသီမှာကျန်းမာစေနိုင်သလိုဝိတ်ချချင်သူတွေအတွက်လည်းအကောင်းဆုံးပံ့ပိုးပေးနိုင်မှာပါ။

ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ

ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတဲ့ အသီးအနှံတစ်ခုပါ။ ထမင်းပူပူလေးနဲ့ ကြက်ဥ၊ဘဲဥတို့နဲ့ရောပြီးကြော်ထားတဲ့ ပန်းဂေါ်ဖီကြော်လေးကအရသာရှိသလိုဆောင်းတွင်းမှာ ခန္ဓာကိုယ်ကိုကျန်းမာနေစေဖို့ ကိုယ်ခံအားကိုအကောင်းဆုံးမြှင့်တင်ပေးနိုင်မှာပါ။

ဆောင်းအေးအေးမှာကိုယ်တိုင်ရောမိသားစုဝင်တွေပါ ကျန်းမာစေဖို့အခုပြောခဲ့တဲ့ အစားအစာလေးတွေကို ပြင်ဆင်စားသောက်လိုက်ပါလို့ အကြံပြုပါရစေနော်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021