မူးယစ်ဆေးသုံးထားသူက ငါးနှစ်ကလေးကို ရိုက်သတ်

မူးယစ်ဆေးသုံးထားသူက ငါးနှစ်ကလေးကို ရိုက်သတ်

မြိတ်မြို့ ၊ကျွန်းစုမြို့နယ်၊ တောပြားကြီး ကျေးရွာအုပ်စု၊ မင်းခေါင်းဆေး ကျေးရွာတွင် အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက ယင်းကျေးရွာနေ အမျိုးသားတစ်ဦးဆေးကြောင်၍ အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်ကို တုတ်ချောင်းဖြင့် ရိုက်သတ်မှုဖြစ်ပွားခဲ့သည်။

တုတ်ချောင်းဖြင့် ရိုက်သတ်သူမှာ မူးယစ်ဆေးဝါးနှင့် အရက်သေစာသောက်စားထားသည့် စိတ်ဖောက်ပြန်နေသူ ဦးအောင်မြင့်စိုး အသက် (၃၆) နှစ်ဖြစ်ပြီး  ၎င်း၏နေအိမ်တွင်လာရောက်ဆော့ကစားနေသော ငါးနှစ်အရွယ် မိန်းကလေးငယ်အား အရှည်တစ်ပေရှိ သစ်သားတုတ်ချောင်းဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မင်းခေါင်းဆေးကျေးရွာနေ ရာအိမ်မှူး ဦးခင်ဦးက ဆိုသည်။

ယင်းသို့ ရိုက်နှက်ခံရမှုကြောင့် မ------သည် ဦးခေါင်း ကွဲအက်ပြီး မြိတ်ပြည်သူ့ဆေးရုံးကြီးတွင် တက်ရောက် ဆေးကုသစဉ် အောက်တိုဘာ(၁၈) ရက် ည ၈ နာရီ မိနစ်၂၀ ခန့်တွင် သေဆုံးခဲ့သည်။

ကျွန်းစုမြို့နယ် ရဲစခန်းက အမှုဖွင့်အရေးယူ၍  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က ကျူးလွန်သူအားဖမ်းဆီးကာ ကျွန်းစုမြို့နယ်ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။