အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီက ဘာစီလိုနာအသင်းသို့ ဘရာဇီး တိုက်စစ်မှူးနေမာ ပြန်လာနိုင်ရေးမှာ အခြေ အနေရှုပ်ထွေးဟု ရှိုးပွဲအစီအစဉ်တစ်ခုနှင့် အင်တာဗျူးလုပ်ခဲ့ရာတွင် ထည့်သွင်းပြောဆို ခဲ့သည်။
ကမ္ဘာ့အကောင်းဆုံးကစားသမားများ ထဲတွင် တစ်ဦးအပါအဝင်ဖြစ်နေသော တိုက် စစ်မှူးနေမာသည် ၂၀၁၇ ခုနှစ်က ဘာစီ လိုနာမှ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့ သည်။
အသက်(၂၇)နှစ်အရွယ် တိုက်စစ်မှူး နေမာသည် ဘာစီလိုနာ၌ကစားခဲ့စဉ် မက်ဆီ၊ ဆွာရက်ဇ်တို့နှင့်အတွဲညီကာ ခြေစွမ်းပြကစား နိုင်ခဲ့သည်။ နေမာသည် ယခုနှစ် ဘောလုံး ရာသီမစတင်မီ ပီအက်စ်ဂျီမှဘာစီလိုနာသို့ ပြန်လာချင်ခဲ့သော်လည်း အပြောင်းအရွှေ့ အထမမြောက်ခဲ့ပေ။
အသက်(၃၂)နှစ်အရွယ် တိုက်စစ်မှူးမက်ဆီက နေမာ၏အခြေအနေနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး နေမာ ပြန်လာမည်ကို မလိုလားသူများရှိနေကြောင်း ကိုပါ အသိပေးခဲ့သည်။
မက်ဆီက "နေမာနဲ့ စကားတွေပြောဖြစ်ပါတယ်။ အခုအချိန်အထိ WhatsApp Group မှာ စကားတွေပြော ဖြစ်ပါတယ်။ အဲဒီ Group မှာ ဆွာရက်ဇ်လည်း ရှိတယ်။ နေမာတစ်ယောက် ဘာစီလိုနာကို ပြန်လာဖို့က ခက်ခဲပါတယ်။ အသင်းအဖွဲ့ဝင် အချို့နဲ့ ဒီကလူတွေက နေမာပြန်လာမှာကို မလိုချင်ဘူး။ အားကစားဆိုက်ကကြည့်ရင် နေမာပြန်ရောက်လာတာက တကယ်ကောင်း မှာပါ။ ဒါပေမဲ့ အခြားဆိုက်ကကြည့်ရင် နားလည်သင့်တဲ့အရာတွေရှိတယ်။ နေမာပြန် လာဖို့က အခြေအနေရှုပ်ထွေးနေပါတယ်"ဟု ပြောဆိုခဲ့သည်။
ဆက်လက်၍ မက်ဆီက လက်ရှိအချိန် အထိတိုင် WhatsApp Group ၌ နေမာနှင့် စကား ပြောဆိုမှုများရှိကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာသည် ပြီးခဲ့သည့် နွေရာသီအပြောင်း အရွှေ့ဈေးကွက်၌ နေမာအား ပြန်လည်ခေါ် ယူရန်ကြိုးစားခဲ့သော်လည်း ပီအက်စ်ဂျီက ၎င်းတို့ခေါ်ယူခဲ့သည့် ပြောင်းရွှေ့ကြေးအတိုင်း လိုချင်၍ အဆင်မပြေခဲ့ပေ။















