လီဗာပူးကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ဝစ်နယ် ဒန်က ၎င်းတို့အသင်းအနေဖြင့် အာဆင်နယ်၏ တစ်ရာသီ လုံး ပရီးမီးယားလိဂ် ရှုံးပွဲမရှိစံချိန်ကို လိုက်မီရန်မှာ ဖြစ်နိုင် ကြောင်း မန်ယူနှင့်ကစားရမည့် အင်္ဂလန်ဒါဘီပွဲမတိုင်မီ ပြောဆိုခဲ့သည်။
လန်ဒန်အခြေစိုက် အာဆင်နယ်အသင်း သည် နည်းပြ အာစင်ဝင်းဂါးလက်ထက် ၂၀ဝ၃-–ဝ၄ ဘော လုံးရာသီတွင် တစ်ရာသီလုံး ပရီးမီးယားလိဂ် ရှုံးပွဲမရှိခဲ့ဘဲ ချန်ပီယံဆုကိုင်မြှောက်ကာ အံ့အားသင့်ဖွယ်စွမ်းဆောင် နိုင်ခဲ့သည်။ အင်္ဂလန်ဘောလုံးလောက၏ မော်ဒန်ခေတ်၌ အာဆင်နယ်တစ်သင်းတည်းသာ ပရီးမီးယားလိဂ်ရှုံးပွဲမရှိ စံချိန်ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ချန်ပီယံဖြစ်ခဲ့စဉ်က ပရီး မီးယားလိဂ် ၂၆ ပွဲနိုင်၊ ၁၂ ပွဲသရေ ကစားခဲ့ခြင်းဖြစ်သည်။
လီဗာပူးသည် ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယား လိဂ်ရှစ်ပွဲဆက်တိုက်အနိုင်ရထားပြီး ရလဒ်များကောင်း နေသည်။ လီဗာပူးသည် မန်ယူကိုအနိုင်ရခဲ့ပါက မန်စီးတီး အသင်း၏ ပရီးမီးယားလိဂ် ၁၈ ပွဲဆက်တိုက်အနိုင်ရစံချိန် တစ်ရပ်ကိုလည်း လိုက်မီနိုင်မည်ဖြစ်သည်။ ဝစ်နယ်ဒန်သည် လီဗာပူးအတွက် ခြေစွမ်းပြကစားနေပြီး ရှက်ဖီးလ်ယူနိုက် တက်အား အနိုင်ရခဲ့သည့်ပွဲတွင် တစ်လုံးတည်းသော အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့သည်။
ဝစ်နယ်ဒန်က "အာဆင်နယ်ရဲ့စံချိန်ကို လိုက်မီနိုင် မလားဆိုတော့ ဒါက ဖြစ်နိုင်ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့အသင်းဟာ ကံကောင်းခဲ့တဲ့ပွဲတွေလည်း ပိုင်ဆိုင်ထားတယ်။ ကျွန်တော်တို့အားလုံးကလည်း အလုပ် ကြိုးစားနေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်ရာသီလုံး မရှုံးအောင် ကစားခဲ့တဲ့ အာဆင်နယ်အသင်းအကြောင်းကို မစဉ်းစားပါဘူး။ ကျွန်တော်တို့အားလုံး ပွဲတိုင်းကိုအနိုင်ရဖို့ အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ"ဟု ပြောဆိုခဲ့သည်။
လီဗာပူးတိုက်စစ်မှူး ဆာလက်ချ်နှင့် ဂိုးသမားအယ်လစ် ဆန်တို့မှာ ဒဏ်ရာပြဿနာများရှိနေသော်လည်း အခြေ အနေတိုးတက်ကောင်းမွန်၍ မန်ယူပွဲကစားနိုင်မည်ဟု လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ်က ယုံကြည်နေ ကြောင်းသိရသည်။















