တိုက်စစ်ပိုကောင်းလာမည်ဟု ပဲလေ့စ်ပွဲအပြီး ၈ွာဒီယိုလာဆို တောင်ပံကစားသမား စတာလင်းအား စာချုပ်သစ်ချုပ်ရန်ရှိ

တိုက်စစ်ပိုကောင်းလာမည်ဟု ပဲလေ့စ်ပွဲအပြီး ၈ွာဒီယိုလာဆို တောင်ပံကစားသမား စတာလင်းအား စာချုပ်သစ်ချုပ်ရန်ရှိ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းတိုက်စစ် ပိုကောင်းလာမည်ဟု မျှော် လင့်ထားကြောင်း ပဲလေ့စ်အား နှစ်ဂိုး ဂိုးမရှိ ဖြင် အနိုင်ရခဲ့သည့်ပွဲအပြီး ပြောဆိုခဲ့သည်။ မန်စီးတီးသည် လန်ဒန်တွင် သွားရောက်ကစား ခဲ့ခြင်းဖြစ်ပြီး ပဲလေ့စ်အား ဖိအားပေးကစားနိုင် ခဲ့သည်။

မန်စီးတီးသည် ပွဲစသည်နှင့် ဦးဆောင် ဂိုးသွင်းယူနိုင်ရန် ထိုးဖောက်ကစားခဲ့သည်။ မန်စီးတီးသည် ပွဲချိန်(၃၉)မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘာနာဒိုဆေးလ်ဗား၏ ဖန်တီး မှုမှတစ်ဆင့် တိုက်စစ်မှူး ဂျီးဆပ်က သွင်းယူ ခဲ့သည်။ မန်စီးတီးသည် ပွဲချိန်(၄၁)မိနစ်တွင် ဒုတိယဂိုးရရှိခဲ့ပြီး စတာလင်း၏ ဖန်တီးမှုမှ တစ်ဆင့် ဒေးဗစ်ဆေးလ်ဗားက သွင်းယူနိုင်ခဲ့ သည်။ မန်စီးတီးသည် ဒုတိယပိုင်းတွင် ဂိုးများ သွင်းယူနိုင်ရန် ကြိုးစားခဲ့သော်လည်း ပဲလေ့စ် ဂိုးသမား လက်စွမ်းပြခဲ့သည်။

နည်းပြ ဂွာဒီယိုလာက "ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ အခွင့်အရေး တွေ အများဆုံး ဖန်တီးနိုင်ခဲ့ပါတယ်။ ကံ မကောင်းချင်တော့ ဒီ့ထက်ဂိုးပိုရအောင် မလုပ် နိုင်ခဲ့ဘူး။ ဒါပေမဲ့ နိုင်ငံတကာ ပွဲတွေအပြီး အနိုင်သုံးမှတ်ရဖို့က အရေးကြီးတာပါ။ ပဲလေ့စ် ဂိုးသမားက ကာကွယ်မှုတွေ အများကြီးလုပ်ခဲ့ တယ်။ အသင်းတိုက်စစ် ပိုကောင်းလာဦးမယ် လို့ ကျွန်တော် မျှော်လင့်ထားပါတယ်"ဟု ပြော ဆိုခဲ့သည်။ မန်စီးတီးအသင်းသည် လာမည့် ကြားရက်တွင် အတ္တလန္တာအသင်းနှင့် ချန်ပီယံ လိဂ်အုပ်စုပွဲ ဆက်လက်ကစားရမည်ဖြစ်သည်။

မန်စီးတီးအသင်းအတွက် ခြေစွမ်းပြကစား နေသော အင်္ဂလန်တောင်ပံ တိုက်စစ်မှူး စတာ လင်းအား အသင်းတာဝန်ရှိသူများက စာချုပ် သစ်ချုပ်ဆိုနိုင်ရန် အလိုရှိနေကြောင်း သိရသည်။ စတာလင်းသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာက အသင်းနှင့် သက်တမ်းတိုးနိုင်ခဲ့သောကြောင့် စာချုပ်မှာ ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိနေ သည်။

သို့သော် ရီးရဲလ်မက်ဒရစ်အသင်းက စတာလင်းအား ခေါ်ယူရန်ရှိလာနိုင်သောကြောင့် မန်စီးတီးအသင်းက အင်္ဂလန်သားနှင့် ထပ်မံ သက်တမ်းတိုးရန် အလိုရှိနေခြင်းဖြစ်သည်။ စတာလင်းသည် လီဗာပူးမှ ပြောင်းရွှေ့ခဲ့ပြီး နောက် မန်စီးတီးတွင် ခြေစွမ်းပိုကောင်းနေသည်။

စတာလင်းသည် ယခုနှစ် ဘောလုံးရာသီ ပရီး မီးယားလိဂ် ခုနစ်ပွဲကစားခဲ့ရာ ခြောက်ဂိုးသွင်း ယူထားပြီး ပြိုင်ပွဲစုံ (၁၁)ပွဲ ကစားထားရာ ကိုးဂိုးသွင်းယူထားသည်။ အသက်(၂၄)နှစ် အရွယ် စတာလင်းသည် မန်စီးတီးကစားသမား ဘဝ ပြိုင်ပွဲစုံ ၂၀၂ ပွဲ ကစားခဲ့ရာ ၇၈ ဂိုး သွင်းယူထားသူဖြစ်သည်။



ဖတ်ရှုမှုအများဆုံး