နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ၌ရောက်ရှိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ၌ရောက်ရှိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ ဂျပန်ဘုရင်သစ်နာရူဟီတို၏ ထီးနန်းတက်ပွဲအခမ်းအနား သို့တက်ရောက်ရန် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက နေပြည်တော်မှ ထွက်ခွာပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ Haneda အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ည ၉ နာရီ ၁၀ မိနစ်တွင် ရောက်ရှိခဲ့ရာ ဂျပန်ဝန်ကြီးချုပ်၏အထူးအကြံပေးပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့က ကြိုဆို ခဲ့ကြသည်။

ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများလိုက်ပါခဲ့ကြသည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ဖိတ်ကြား ချက်အရ တရားဝင်သွားရောက်သော တတိယမြောက်ခရီးစဉ်လည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာပြီးနောက် ဂျပန် နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်က သွားရောက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်အတွင်း မဲခေါင်--ဂျပန်ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့သည်။

နေထိုင်ခဲ့ဖူး

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်သည် အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အထိ လေးရက်ကြာမြင့်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၄-–၁၉၈၅ ခုနှစ်အတွင်းက ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သုတေသန ကိစ္စများဆောင်ရွက်ရန် နေထိုင်ခဲ့ဖူးသည်။ ထို့နောက် ဂျပန်နိုင်ငံသို့ ၂၈ နှစ်အတွင်း ပထမ ဆုံးခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ်က အင်န်အယ်လ်ဒီပါတီခေါင်းဆောင်အနေဖြင့် သွားရောက် ခဲ့ဖူးသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး