ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် အေအေတို့ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ချင်းတိုင်းရင်းသား ၁၅ ဦး ရှာမရဘဲပျောက်ဆုံးနေကြောင်း ခူမီး ချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက အောက်တိုဘာ ၂၀ ရက်က သတင်းထုတ် ပြန်ထားသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ဟင်းစားရှာထွက်ရင်း ပျောက်ဆုံးသွားခြင်း၊ အလုပ်လုပ်နေစဉ် အေအေအဖွဲ့က ဖမ်းဆီးခေါ် ဆောင်သွားခြင်း၊ဈေးသွားဝယ်စဉ် အေအေအဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ တောင်ယာသွားစဉ် ဖမ်းဆီးခံရခြင်းများဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း ၁၅ ဦး ပျောက်ဆုံးနေခြင်းဖြစ်ကာ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တောင်းဆိုထား
ယခုကဲ့သို့ ချင်းတိုင်းရင်းသား ၁၅ ဦး ပျောက်ဆုံးမှုသည် ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ လေ့လာ တွေ့ရှိချက်များနှင့် ခိုင်လုံသော သက်သေအထောက်အထားများအရ အေအေအဖွဲ့နှင့် ဆက်နွှယ်နေကြောင်း၊ ထို့ကြောင် လွှတ်တော် ကိုယ်စားလှယ်များအပါအဝင် အစိုးရအနေ ဖြင့်ပျောက်ဆုံးနေသည့် အရပ်သားများအား အမြန်ဆုံးပြန်လည်တွေ့ရှိနိုင်ရေးနှင့် သက်ဆိုင် ရာမိသားစုများနှင့် အမြန်ဆုံးပေါင်းစည်းနိုင်ရေးအတွက် ကူညီဆောင် ရွက်ပေးရန် တောင်းဆိုထားသည်။
ခြိမ်းခြောက်ခေါ်ဆောင်
အေအေအဖွဲ့အနေဖြင့် တိုက်ပွဲများနှင့်မသက်ဆိုင်သော ဒေသခံ ချင်းလူမျိုးအရပ်သားများအား အကြောင်းမဲ့ခြိမ်းခြောက်ခေါ်ဆောင် ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းများ လုံးဝမပြုလုပ်ရန်လည်း ခူမီး ချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက တောင်းဆို ထားသည်။















