ဒလ၌ စွန့်ပစ်အမှိုက်ပုံပြောင်းရွှေ့ရန် နေရာကြည့်ရှု

ဒလ၌ စွန့်ပစ်အမှိုက်ပုံပြောင်းရွှေ့ရန် နေရာကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း မြို့အဝင်ဆိုင်းဘုတ် တည်ဆောက်မည့်မြေ နေရာနှင့် ဒေသခံပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်စေရေး၊ မြို့အင်္ဂါရပ်နှင့်ပြည့်စုံစေရေးအတွက် ဒလ-တွံတေး ကားလမ်းနံဘေးရှိ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီးကို ပြောင်းရွှေ့လျာထား မြေနေရာအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး ဦးဆောင်ပြီး တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၆ရက် မွန်းလွဲ ၂နာရီက ကွင်းဆင်းကြည့်ရှုကြသည်။

ကြည့်ရှုလေ့လာ

အဆိုပါ ဒလမြို့နယ်ရှိ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီးကို ပြောင်းရွှေ့လျာထားမြေနေရာမှာ သုံးနေရာခန့်မှန်းထားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်နှင့် အဖွဲ့ဝင်များ၊ လမ်းတံတားဦးစီး အရာရှိ ဦးမောင်မောင်လွင်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဒေါ်သီတာလှိုင်း၊ စည်ပင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်နှင့် သန့်ရှင်းရေးတာဝန်ခံ ဦးဇာနည် ထွန်းတို့ လိုက်ပါကြည့်ရှုလေ့လာခဲ့ကြသည်။

ကွင်းဆင်း

လက်ရှိ ကျန်စစ်သားရပ်ကွက် ဒလ-တွံတေးကားလမ်းနံဘေးရှိ စွန့်ပစ်အမှိုက်ပုံကြီးမှာ မြို့အင်္ဂါရပ်ကိုထိခိုက်နေပြီး အများပြည်သူကျန်းမာရေးအတွက်လည်း အန္တရာယ်ဖြစ်စေသဖြင့် ပြောင်းရွှေ့ရန် မြေနေရာကြည့်ရှုခြင်းဖြစ်ပြီး မြို့အဝင်ဆိုင်းဘုတ်ကိုလည်း လှပခံ့ညားထည် ဝါစွာ စိုက်ထူနိုင်ရန်အတွက် တာဝန်ရှိသူများနှင့် ကွင်းဆင်းလေ့လာခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး