တစ်နိုင်တစ်ပိုင် ငါးမွေးတောင်သူများအတွက် နေပြည်တော် ဥတ္တရသီရိတွင် အခြေခံငါးမွေးသင်တန်းဖွင့်

တစ်နိုင်တစ်ပိုင် ငါးမွေးတောင်သူများအတွက် နေပြည်တော် ဥတ္တရသီရိတွင် အခြေခံငါးမွေးသင်တန်းဖွင့်

နေပြည်တော် ဥတ္တရခရိုင် ဥတ္တရသီရိ မြို့နယ် ငန်းစပ်ကျေးရွာတွင် My Culture Project အစီအစဉ်ဖြင့် တစ်နိုင်တစ်ပိုင် ငါးမွေးတောင်သူ ၃၀ အား အခြေခံငါး မွေးမြူရေးသင်တန်းကို အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီက ယင်းကျေးရွာ၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

သင်ကြားပို့ချ

ယင်းသင်တန်းတွင် ဥတ္တရခရိုင် ငါးလုပ် ငန်းဦးစီးမှူး ဦးဇော်သန်း၊ မြို့နယ်ဦးစီး မှူးများနှင့် My Culture Project မှ ဆရာဦးသိန်းဇော်တို့က သင်ထောက်ကူ ပစ္စည်းများ၊ မှတ်သားရလွယ်ကူစေရန် ပုံဆွဲသင်ကြားပေးခြင်း၊ အမေး အဖြေကဏ္ဍများတွင် အဖြေမှန်သူ ဆုချီးမြှင့်ပေးခြင်း တို့ဖြင့် စိတ်ဝင်တစားရှိအောင် သင်တန်း ပို့ချခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး