ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အင်ဒိုနီးရှားသမ္မတ တွေ့ဆုံ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အင်ဒိုနီးရှားသမ္မတ တွေ့ဆုံ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြ

အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အင်ဒို နီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၊ ဒုတိယသမ္မတ မာရုဖ် အာမင်တို့နှင့် တွေ့ဆုံကာ စီးပွားရေးရင်းနှီး မြှုပ်နှံမှုကိစ္စများဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

တွေ့ဆုံ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အောက်တိုဘာ ၂၀ရက်ညနေပိုင်းက ဂျကာ တာမြို့ရှိ အင်ဒိုနီးရှားနိုင်ငံ သမ္မတအိမ်တော် သို့ရောက်ရှိပြီး သမ္မတ မစ္စတာဂျိုကိုဝီဒိုဒိုနှင့် တွေ့ဆုံခဲ့သလို အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတ အိမ်တော်သို့ရောက်ရှိပြီး ဒုတိယသမ္မတမစ္စတာ မာရုဖ်အာမင်နှင့်လည်း တွေ့ဆုံသည်။

တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အာဆီ ယံအသိုက်အဝန်းအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ဆက်လက် ပေးအပ်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွား ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေး ခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး