နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဘူတန်ဘုရင်၊ ဂျပန်-မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌတို့ သီးခြားစီတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဘူတန်ဘုရင်၊ ဂျပန်-မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌတို့ သီးခြားစီတွေ့ဆုံ

ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘူတန်ဘုရင်၊ ဂျပန်-–မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။

တတိယနေ့

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ် တတိယနေ့ဖြစ်သည့် အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် Imperial Hotel ၌ ဂျပန်-–မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းဥက္ကဌ Mr. Aisawa Ichiro နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေး

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် Imperial Hotel ၌ ဘူတန် ဘုရင် Jigme Khesar Namgyel Wangchuck နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တက်ရောက်

အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးစိုးဟန်တို့ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးခဲ့

ဂျပန်ခရီးစဉ် ဒုတိယနေ့ဖြစ်သည့် အောက်တိုဘာ ၂၁ ရက်ကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံ ခဲ့သည့်အပြင် ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး