ရွှေပြည်သာတွင် ၁၂ နှစ်ကျော်အရွယ်မိန်းကလေးတစ်ဦး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရ

ရွှေပြည်သာတွင် ၁၂ နှစ်ကျော်အရွယ်မိန်းကလေးတစ်ဦး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရ

ရွှေပြည်သာမြို့နယ်တွင် အသက် ၁၂ နှစ်ကျော်အရွယ်မိန်းကလေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုအား အောက်တိုဘာ ၂၂ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

လှည်းကူးမြို့နယ်နေ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ အဆိုပါနေ့ ည ၁၀ နာရီ ၄၅ မိနစ်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

၎င်းကတိုင်ကြားရာတွင် အောက်တိုဘာ ၁၂ ရက် နံနက် ၉ နာရီ ခန့်က ရွှေပြည်သာမြို့နယ် လှော်ကား ၂၇ ရပ်ကွက် အုတ်ကွင်းတစ်ခုတွင် အလုပ်လုပ်ကိုင်သည့် မိခင်ဖြစ်သူ၊ပထွေးဖြစ်သူ မြင့်ကို(၃၆ နှစ်)တို့နှင့်အတူနေထိုင်သည့် အသက် ၁၂ နှစ် ၄ လအရွယ် တူမဖြစ်သူမှာ လွန်ခဲ့သောတစ်လခန့်က ကိုယ်ဝန် ၄ လရှိနေပြီဖြစ်သဖြင့် ဒေါ်----ဆိုသူ၏ နေအိမ်တွင် ကိုယ်ဝန်ဖျက်ချခဲ့ကြောင်း သိရ၍ သွားရောက်မေးမြန်းခဲ့သည်ဟု ဆိုသည်။

ထိုသို့တိုင်ကြားသူအမျိုးသားကမေးမြန်းရာ အဆိုပါမိန်းကလေးက ဟုတ်မှန်ကြောင်းပြောပြခဲ့ပြီး တူမဖြစ်သူကို ထပ်မံမေးမြန်းခဲ့ရာ ပထွေးဖြစ်သူ မြင့်ကိုက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်းကြောင့် ကိုယ်ဝန် ၄ လလွယ်ထားခဲ့ရကာ လွန်ခဲ့သော တစ်လခန့်က ဖျက်ချခဲ့ရကြောင်း ပြောပြသိရသဖြင့် တူမဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူကို အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

လှော်ကားနယ်မြေရဲစခန်းက(ပ)၁၆၄၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ကျူးလွန်သူမြင့်ကိုအား ဖမ်းဆီး အရေးယူထားသည်။