ဂိုးအခွင့်အရေးများ လွဲချော်သော်လည်း ဟာဇက်အတွက် ဇီဒန်းမစိုးရိမ်

ဂိုးအခွင့်အရေးများ လွဲချော်သော်လည်း ဟာဇက်အတွက် ဇီဒန်းမစိုးရိမ်

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ဂါလာတာစာရေးအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင် ရခဲ့သည့်ပွဲတွင် အပိုင်ဂိုးအခွင့်အရေးများရခဲ့ သော်လည်း လွဲချော်ခဲ့သည့် ဘယ်လ်ဂျီယံ ကစားသမား ဟာဇက်၏ အခြေအနေကို စိုးရိမ်ခြင်းမရှိကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

ဟာဇက်သည် ယူရို သန်း ၁၀ဝ ဖြင့် ရီးရဲလ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အကောင်းဆုံး ခြေစွမ်းပြ ကစားရန် ရုန်းကန်နေရသည်။ ဟာဇက်သည် အသင်းအတွက် ပါဝင်ကစားခွင့်ရသည့်ပွဲတိုင်း အားကြိုးမာန်တက် ကစားနေသော်လည်း ဂိုး သွင်းနိုင်ရန် ခက်ခဲနေသည်။ ဟာဇက်သည် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ခုနစ်ပွဲကစား ပြီးချိန်၌ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ဟာဇက်သည် ဂါလာတာစာရေးနှင့်ပွဲတွင် အနိမ့်ဆုံး တစ်ဂိုးသွင်းယူသင့်သော်လည်း ဂိုးတိုင်ထိခဲ့သလို ရရှိသည့်ဂိုးအခွင့်အရေးများကိုလည်း အပိုင်အသုံးမချနိုင်ခဲ့ပေ။ သို့သော် ဟာဇက်သည် တိုနီခရူးစ် ဂိုးသွင်းရန် ဖန်တီးခဲ့သည်။

ရီးရဲလ်နည်းပြဇီဒန်းက "ကျွန် တော့်အတွက် ဟာဇက်ရဲ့အခြေအနေက စိုးရိမ် စရာ မဟုတ်ပါဘူး။ ဟာဇက်ဟာ ခြေစွမ်းပို ကောင်းလာဦးမှာပါ။ အရေးကြီးဆုံးက သူ့ အနေနဲ့ ဂိုးအခွင့်အရေးတွေ ဆက်ရဖို့ပါပဲ"ဟု ပြောဆိုခဲ့သည်။ ဟာဇက်သည် ပွဲချိန် အတွင်း အပိုင်ဂိုးရခဲ့ပြီး ဂါလာတာစာရေးဂိုး သမား မူစလီယာကို လိမ်ခေါက်၍ ဂိုးသွင်းခဲ့ သော်လည်း တိုင်ထိထွက်ခဲ့သည်။

ဂါလာတာစာရေးပွဲတွင် ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး လက်စွမ်းပြခဲ့သည့် ဂိုး သမား ကော်တို့စ်ကိုလည်း ချီးကျူးခဲ့သည်။ ဘယ်လ်ဂျီယံဂိုးသမား ကော်တို့စ်သည် ဂါလာ တာစာရေး တိုက်စစ်မှူးများ၏ ဂိုးကန်သွင်း ချက်များကို အကောင်းဆုံးလက်စွမ်းပြကာ ကွယ်ခဲ့သည်။

ဇီဒန်းက "ကော်တို့စ်ဟာ ပထမ ပိုင်းမှာ အကောင်းဆုံးကာကွယ်မှုတွေ ပြုလုပ် နိုင်ခဲ့တယ်။ သူ့အတွက် ကျွန်တော်တို့ ကျေနပ် ပါတယ်။ ကျွန်တော်တို့ ရှုံးနိမ့်ချိန် ဝေဖန် မှုတွေက အမြဲတမ်းရှိနေမှာပါ။ ဒီနေ့ အနိုင် ရခဲ့တယ်။ ကျွန်တော်တို့ ကစားသမားတွေဟာ နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်"ဟု ဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး