အစာအဆိပ်သင့်မှုဖြစ်စေသည်ဟုသံယူရှိသည့် လပွတ္တာမြို့ မှ ရေခဲမုန့်လုပ်ငန်း ယာယီပိတ်ထား

အစာအဆိပ်သင့်မှုဖြစ်စေသည်ဟုသံယူရှိသည့် လပွတ္တာမြို့ မှ ရေခဲမုန့်လုပ်ငန်း ယာယီပိတ်ထား

ဧရာဝတီတိုင်းဒေသကြီး  လပွတ္တာမြို့တွင် ကျောင်းသား ကျောင်းသူ ၃၄ ဦး အစာ အဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး   အဆိုပါ အစာအဆိပ်သင့်မှု ဖြစ်စေခဲ့သည်ဟု သံသယရှိ သည့် လပွတ္တာမြို့မှ  ရေခဲမုန့်လုပ်ငန်းအား ယာယီပိတ်ထားကြောင်း  လပွတ္တာမြို့နယ် အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေး ကော်မတီမှ သိရသည်။

"အစာအဆိပ်သင့်မှုဖြစ်တယ်လို့ သံသယ ရှိတဲ့ ရေခဲမုန့်နမူနာကို ရန်ကုန်မြို့က ဓာတ်ခွဲ ခန်းမှာ ပေးပို့စစ်ဆေးနေပါတယ်။ ရေခဲမုန့် လုပ်ငန်းကိုလည်း ဓာတ်ခွဲခန်းအဖြေမရမချင်း ယာယီရပ်ခိုင်းထားပါတယ်"ဟု လပွတ္တာ မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးကော်မတီဝင် ဒေါက်တာ နှစ်ဆန်းဦးက ပြောဆိုသည်။

တစ်နိုင်တစ်ပိုင်

အစာအဆိပ်သင့်မှု ဖြစ်စေခဲ့သည်ဟု သံသယရှိသည့် ရေခဲမုန့်လုပ်ငန်းမှာ လပွတ္တာ မြို့တွင် တစ်ပိုင်တစ်နိုင်ထုတ်လုပ်သည့် ရေခဲ မုန့်လုပ်ငန်းဖြစ်ကြောင်း သိရသည်။

လပွတ္တာမြို့အမှတ်(၃)အထက်တန်းကျောင်း တွင် နေ့လယ်ထမင်းစား ကျောင်းဆင်းချိန်၌ ကျောင်းသား ကျောင်းသူ ၃၄ ဦး ရေခဲမုန့်ဝယ် စားပြီးနောက် မူးဝေအော့အန်ကာ အစာအဆိပ် သင့်မှုဖြစ်ပွားခဲ့သဖြင့် ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူများက လပွတ္တာမြို့ သုံးမိုင်ဆေးရုံ သို့ ပို့ဆောင်ခဲ့ရသည်။

ဆေးကုသ

ဆေးရုံမှ ဆရာဝန်ကြီးဒေါက်တာနှစ်ဆန်းဦး ဦးဆောင်သည့် ဆရာဝန်နှင့် သူနာပြုများက ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သဖြင့် ကျောင်းသား ကျောင်းသူ ၁၇ ဦးမှာ သက်သာခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ဆေးရုံမှဆင်း သွားခဲ့သည်။ ကျန်ရှိ ကျောင်းသား ကျောင်းသူ ၁၇ ဦးမှာ ကျန်းမာရေးအခြေအနေစိတ်မချ သေးသဖြင့် လပွတ္တာဆေးရုံကြီး၌  ဆက်လက် ဆေးကုသမှုခံယူလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး