ထင်ရာစိုင်းနေပါက ငြိမ်းချမ်းရေးခရီး ဝေးသည်ထက်ဝေးမည်ဟု လက်နက်ကိုင် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးခေါင်းဆောင် ဆို

ထင်ရာစိုင်းနေပါက ငြိမ်းချမ်းရေးခရီး ဝေးသည်ထက်ဝေးမည်ဟု လက်နက်ကိုင် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးခေါင်းဆောင် ဆို

ထင်ရာစိုင်းနေပါက ငြိမ်းချမ်းရေးခရီးဝေးသည်ထက်ဝေးမည်ဟု တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ညှိနှိုင်း ရေးခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက အောက်တိုဘာ ၂၅ ရက်က ပြောဆိုသည်။

တွေ့ဆုံဆွေးနွေး

အင်န်စီအေအကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူကျင်းပရေးအတွက် အစိုးရနှင့်တိုင်းရင်းသားလက်နက် ကိုင် ၁၀ ဖွဲ့၏ညှိနှိုင်းရေးအဖွဲ့တို့ နေပြည်တော်တွင် အောက်တိုဘာ ၂၅ ရက်နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြရာ ယင်းဆွေးနွေးပွဲ၌ ဗိုလ်မှူးကြီးစိုင်းငင်းက "ကျွန်တော်တို့ဆွေးနွေးဖက်နှစ်ဦးဟာ အင်န်စီ အေလက်မှတ်ထိုးပြီးဖြစ်လို့ အင်န်စီအေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်မယ်ဆိုရင် ငြိမ်းချမ်းရေးလမ်းဟာ ချောမွေ့ဖြောင့်ဖြူးနေမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ အင်န်စီအေပါပြဋ္ဌာန်းချက်တွေကိုမျက်ကွယ်ပြုပြီး လောဘ၊ ဒေါသ၊ အတ္တ၊ မာနတွေ ရှေ့တန်းတင်၊ အင်အားကြီးမှုကိုအားပြုပြီး ထင်ရာစိုင်း၊ မိမိစိတ်တိုင်းကျ ဆက်လက်ဆောင်ရွက်မယ်ဆိုရင် ငြိမ်းချမ်းရေးခရီးဟာ ဝေးသည်ထက် ဝေးနေဦးမှာဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။ အင်န်စီအေစာချုပ်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအစည်းအဝေးကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပရမည်ဖြစ် သော်လည်း လေးနှစ်အတွင်း သုံးကြိမ်သာကျင်းပနိုင်ခဲ့မှုသည် အားလုံး၌ တာဝန်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဖော်ထုတ်ရန်တောင်းဆို

အောက်တိုဘာ ၂၈ ရက်တွင် အင်န်စီအေစာချုပ် လေးနှစ်ပြည့် အခမ်းအနားကျင်းပမည်ဖြစ်၍ အင်န်စီအေစာချုပ်၏အရှိန်အဝါ၊ ခိုင်မာမှုနှင့် အပြန်အလှန်အသိအမှတ်ပြုမှု၊ အနှစ်သာရနှင့် ကတိကဝတ် ပြုမှု၊ အတွေးသစ်အမြင်သစ်နှင့် ယုံကြည်မှုများ ပြန်လည်ဖော်ထုတ်ရန် လည်း ဗိုလ်မှူးကြီးစိုင်းငင်းက တောင်းဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး