ဘန်လေအား ချယ်လ်ဆီး ဂိုးပြတ်နိုင်၊ ပူလီဆစ် စံချိန်များပိုင်ဆိုင်နိုင်ခဲ့

ဘန်လေအား ချယ်လ်ဆီး ဂိုးပြတ်နိုင်၊ ပူလီဆစ် စံချိန်များပိုင်ဆိုင်နိုင်ခဲ့

ချယ်လ်ဆီးအသင်းသည် အောက်တိုဘာ ၂၆ ရက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)အဖြစ် ဘန်လေကွင်းသို့  သွားရောက်ကစားခဲ့ရာ တိုက်စစ်အစွမ်းပြခဲ့ပြီး လေးဂိုး နှစ်ဂိုးဖြင့် ဂိုး ပြတ်အနိုင်ရကာ ခုနစ်ပွဲဆက်တိုက် အနိုင်ရခဲ့ သည်။

ချယ်လ်ဆီးနည်းပြ လမ်းပတ်သည် တိုက်စစ်တွင် အေဗရာဟမ်ကို အားပြုကစား ခဲ့ပြီး ကွင်းလယ်၌ ပူလီဆစ်၊ မာဆန်မောင့်၊ ဝီလျံ၊ ကိုဗာဆစ်နှင့် ဂျော်ဂျင်ဟိုတို့ ပါဝင်ခဲ့သည်။ ဘန်လေအသင်း၌လည်း အမာခံ ကစားသမား များပါဝင်လာပြီး လူစုံခဲ့သည်။

ချယ်လ်ဆီးသည် ပွဲချိန်(၂၁)မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့ပြီး အမေရိကန်ကစားသမား ပူလီဆစ်ကသွင်းယူခဲ့သည်။ သြဂုတ်လ နောက် ပိုင်း ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ပြန်လည် ရရှိခဲ့သော ပူလီဆစ်သည် ခြေစွမ်းပြခဲ့ပြီး ပွဲချိန် (၄၅)နှင့်(၅၆)မိနစ်၌ ဂိုးများ ထပ်မံသွင်း ယူနိုင်ခဲ့၍ ဟက်ထရစ်ရရှိခဲ့သည်။

ချယ်လ်ဆီး အတွက် စတုတ္ထဂိုးကို ဝီလျံက (၅၈)မိနစ်တွင် သွင်းယူခဲ့သည်။ ဘန်လေသည် ပွဲပြီးခါနီးလေး မိနစ်အတွင်း ချေပဂိုးနှစ်ဂိုး ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။ ပြောင်းရွှေ့ကြေး မြင့်မားစွာဖြင့် ချယ်လ်ဆီးသို့ ရောက်ရှိခဲ့ပြီးနောက် ခြေစွမ်း မပြနိုင်သောကြောင့် ဝေဖန်ခံနေရသော ပူလီ ဆစ်သည် ချယ်လ်ဆီးကစားသမားဘဝ ဂိုး သွင်းယူနိုင်ခဲ့ရာ ဖိအားအချို့ လျှော့ချနိုင်ခဲ့ပြီ ဖြစ်သည်။

ပူလီဆစ်သည် ဘန်လေပွဲတွင် ဟက်ထရစ် ရရှိခဲ့၍ စံချိန်များ ပိုင်ဆိုင်ခဲ့ကြောင်းလည်း သိရသည်။ ပူလီဆစ်သည် ၂၀ဝ၉–၁၀ ရာသီ က ဒရော့ဘာပြီးနောက် ချယ်လ်ဆီးအတွက် ဘယ်ခြေထောက်၊ ညာခြေထောက်နှင့် ခေါင်း တိုက်ကာ ဟက်ထရစ်ယူနိုင်ခဲ့သော ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။

ပူလီဆစ်သည် အသက်(၂၁)နှစ် (၃၈)ရက်ဖြင့် ကစားဖော် အေဗရာဟမ်၏စံချိန်ကိုကျော်ဖြတ်ကာ ချယ်လ် ဆီးအသင်း၏ ပရီးမီးယားလိဂ် အသက်အငယ် ဆုံး ဟက်ထရစ်ရရှိခဲ့သူ ဖြစ်လာသည်။ ထို့ အပြင် ပူလီဆစ်သည် ကလင့်ဒမ်ဆေးပြီးနောက် ပရီးမီးယားလိဂ်တွင် ဒုတိယမြောက် ဟက်ထရစ် သွင်းယူနိုင်သော အမေရိကန်ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး