ဘွန်ဒက်လီဂါ စံချိန်သစ်ရခဲ့၍ဂုဏ်ယူမိဟု လီဝမ်ဒေါ့စကီးဆို ရာသီအစ လိဂ်ကိုးပွဲဆက်တိုက် ဂိုးသွင်းနိုင်ကာ စံချိန်တင်နိုင်ခဲ့

ဘွန်ဒက်လီဂါ စံချိန်သစ်ရခဲ့၍ဂုဏ်ယူမိဟု လီဝမ်ဒေါ့စကီးဆို ရာသီအစ လိဂ်ကိုးပွဲဆက်တိုက် ဂိုးသွင်းနိုင်ကာ စံချိန်တင်နိုင်ခဲ့

ဘိုင်ယန်မြူးနစ် အဓိကတိုက်စစ်မှူး လီဝမ် ဒေါ့စကီးသည် ယူနီယံဘာလင်အား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဂိုးသွင်းနိုင် ခဲ့၍ ဘွန်ဒက်လီဂါ စံချိန်သစ်တစ်ခု ရရှိခဲ့သည်။

အသက်(၃၁)နှစ်အရွယ် ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးသည် မကြာခင်က ဂါဘွန် တိုက်စစ်မှူး အော်ဘာမီယန်၏ ရာသီအစ ဘွန်ဒက်လီဂါ ရှစ်ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ သည့်စံချိန်ကို လိုက်မီခဲ့ပြီးနောက် ယူနီယံ ဘာလင်နှင့်ပွဲတွင် စံချိန်သစ် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ လီဝမ်ဒေါ့စကီးသည် ယခုအခါ ရာသီအစ ဘွန်ဒက်လီဂါ ကိုးပွဲဆက်တိုက် ဂိုး သွင်းနိုင်သော ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထူးခြားသည့် စံချိန်တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ ပြီးနောက် လီဝမ်ဒေါ့စကီးက ဂုဏ်ယူမိကြောင်း ပြောဆိုခဲ့သည်။ လီဝမ်ဒေါ့စကီးက "အကောင်း ဆုံးခြေစွမ်းနဲ့ ကစားဖို့ ကျွန်တော်အမြဲ ကြိုး စားနေပါတယ်။ ကျွန်တော်တို့ နိုင်ပွဲရခဲ့လို့ ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့သွင်းဂိုးတွေနဲ့ အသင်းကို အကူအညီ ပေးချင်ပါတယ်။ အခု လိုမျိုး စံချိန်တစ်ခု ပိုင်ဆိုင်ခဲ့တဲ့အတွက် ကျွန် တော် ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဆက်ပြီးကြိုးစားနေဦးမှာပါ။ ရာသီကုန်ကြရင် တော့ ဒီ့ထက် ပိုဂိုးများမယ်ထင်ပါတယ်"ဟု ပြောဆိုခဲ့သည်။

လီဝမ်ဒေါ့စကီးသည် ယခုနှစ် ဘွန်ဒက် လီဂါ (၉)ပွဲကစားပြီးချိန်၌ (၁၃)ဂိုးသွင်းယူကာ ခြေစွမ်းပြနေသည်။ လီဝမ်ဒေါ့စကီးသည် ယမန်နှစ်က အသင်းအတွက် ပြိုင်ပွဲစုံ (၄၇)ပွဲ ကစားခဲ့ရာ ဂိုး(၄၀) သွင်းယူနိုင်ခဲ့သည်။ ၎င်းသည် ဘိုင်ယန်မြူးနစ် ကစားသမားဘဝ ပွဲပေါင်း (၂၅၆)ပွဲတွင် ဂိုး(၂၁၀)သွင်းယူထား သူလည်း ဖြစ်သည်။

ဘိုင်ယန်မြူးနစ်သည် ဘွန်ဒက်လီဂါ နှစ်ပွဲ ဆက်တိုက် အနိုင်ပျောက်ခဲ့ပြီးမှ နိုင်ပွဲပြန်ရကာ အမှတ်ပေးဇယား ထိပ်ဆုံးသို့ ရောက်နေသည်။ ယူနီယံဘာလင်နှင့်ပွဲအပြီး ဘိုင်ယန်နည်းပြ ကိုဗက်က "လက်ရှိအချိန်မှာတော့ ကျွန်တော် တို့လိုချင်တဲ့နေရာကို ရောက်နေပါတယ်။ ဘွန် ဒက်လီဂါရဲ့ အဆင့်တစ်က ကျွန်တော်တို့ပါ။ လီဝမ်ဒေါ့စကီး စံချိန်ရလိုက်တာ ကောင်း တယ်။ ဒဏ်ရာရ ကစားသမားတွေ များနေလို့ နိုင်ပွဲအတွက် ဂုဏ်ယူမိပါတယ်"ဟု ဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး