သုံးခွ ခေမာကံမြင့်ကြယ်တံခွန်သီလရှင်သင်ပညာရေးကျောင်း၌ ဆွမ်းလှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကံမြင့် ကျေးရွာရှိ ခေမာကံမြင့် ကြယ်တံခွန် သီလရှင်သင်ပညာရေးကျောင်း၌ နေ့ဆွမ်းနှင့် အချိုပွဲအာဟာရဒါနကျွေးမွေးလှူဒါန်းခြင်းကို အောက် တိုဘာ ၂၅ ရက် နံနက်ပိုင်းက မွေးနေ့အလှူအဖြစ် လှူဒါန်းခဲ့ကြ သည်။
နေ့ဆွမ်းဆက်ကပ်
မွေးနေ့အလှူအဖြစ် သုံးခွမြို့ အမှတ် (၁၁) ရပ်ကွက် မင်းရဲကျော်စွာ လမ်းနေ ဦးခိုင်ရဲဇော်–ဒေါ်မြတ်ဆုဖြိုးတို့၏သားကြီး မောင်ရဲမာန် သစ်၊ သားငယ်မောင်ဇွဲထွဋ်ရဲရင့် သုံးနှစ်ပြည့်မွေးနေ့မင်္ဂလာအလှူ အဖြစ် ခေမာကံမြင့် ကြယ်တံခွန်သီလရှင်သင်ပညာရေးကျောင်းရှိ ဆရာကြီး၊ ဆရာလေး၊ ကျောင်းသား ၁၂၀ကျော်တို့အား နေ့ဆွမ်း ဆက်ကပ်ခြင်း၊ အာဟာရ အချိုပွဲဆက်ကပ်ခြင်းတို့ကို ကုသိုလ်ယူလှူ ဒါန်းခဲ့ကြသည်။

















