ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် လေးဒေါင့်ကန်ရပ်ကွက်လုံးဆိုင်ရာ (၃၇) ကြိမ်မြောက် ဆွမ်းအောင်ပွဲကို အောက် တိုဘာ ၂၆ရက် နံနက် ၉နာရီခွဲက နှစ်ကျိပ် ရှစ်ဆူဓမ္မာရုံကြီး၌ ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်း အနားကို ဖွင့်လှစ်ပြီး ဓမ္မာရုံနာယကဦးဝင်း ရွှေက ကြည်နူးသဒ္ဓါပွား အနုမောဒနာ ကုသိုလ် စကားပြောကြားပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တသောဘနထံမှ ငါးပါးသီလခံယူ ကြသည်။
ဆက်လက်၍ အုပ်ချုပ်ရေးမှူး ဦးသန်း ထိုက်၊ နာယကဦးဝင်းရွှေ၊ ဥက္ကဋ္ဌ ဦးတင်ရွှေ၊ အတွင်းရေးမှူး ဦးစိုးမောင်နှင့် အဖွဲ့ဝင်များ၊ အာစိဏ္ဏကံနိဗ္ဗာန်ဆော်လူငယ်အဖွဲ့ ခေါင်း ဆောင် ဦးစိုးဝေဖြိုးနှင့် နိဗ္ဗာန်ဆော်လူငယ် များ၊ အလှူရှင်များက မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင်အမှူးရှိသော သြဝါဒါစရိယဆရာတော်ကိုးပါးတို့အား သင်္ကန်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ဖျော်ဖြေတင်ဆက်
ထို့နောက် ညနေပိုင်းတွင် ဓမ္မာရုံဂေါပက အဖွဲ့ဝင်များက မြတ်စွာဘုရားအား ရွှေဝေါ ယာဉ်ဖြင့်ပင့်ဆောင်၍ ရပ်ကွက်ရှိ လမ်းအသီး သီးသို့ အပူဇော်ခြွံကရောက်ကြပြီး အာစိဏ္ဏ ကံနိဗ္ဗာန်ဆော် လူငယ်များနှင့် သားငယ်သမီး ငယ်လေးများက ဝါတွင်းကာလသုံးလပတ်လုံး ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို သဒ္ဓါထက်သန်စွာ လောင်းလှူပေးကြသည့် လမ်းအသီးသီးရှိ အလှူရှင်များ၏ နေအိမ်ရှေ့ အရောက်လှည့်လည်သွားရောက်ကာ (ဝဲပုံ) အနုပညာ တေးသရုပ်ဖော်အကအလှတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

















