မန်ယူ အဝေးကွင်းနိုင်ပွဲဆက်၊ ပရီးမီးယားလိဂ် ဂိုး ၂၀ဝ၀ ပြည့်ခဲ့

မန်ယူ အဝေးကွင်းနိုင်ပွဲဆက်၊ ပရီးမီးယားလိဂ် ဂိုး ၂၀ဝ၀ ပြည့်ခဲ့

မန်ယူအသင်းသည် အောက်တိုဘာ ၂၇ ရက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)အဖြစ် နောဝစ်ချ်ကွင်းတွင် သွားရောက်ကစားခဲ့ရာ မာရှယ်နှင့် ရက်ဖို့ဒ်တို့ ပင်နယ်တီ မဝင်ခဲ့သော် လည်း သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရကာ အဝေး ကွင်း နိုင်ပွဲဆက်ခဲ့သည်။

မန်ယူအသင်းတွင် ဒဏ်ရာရနေသော ပေါ့ဘာမှလွဲ၍ အဓိက ကစားသမားများ အစုံအလင်ပါဝင်ကာ တိုက် စစ်ကို မာရှယ် ဦးဆောင်ခဲ့သည်။ မန်ယူသည် ပွဲချိန်(၂၁)မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး မတ် တွန်မီနေးက သွင်းယူခဲ့သည်။

မန်ယူသည် မိနစ်(၃၀)တွင် ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ရာ ဒန်နီရယ်ဂျိမ်းစ်၏ ဖန်တီးမှုမှတစ်ဆင့် ရက်ဖို့ဒ် က သွင်းယူခဲ့သည်။ ရက်ဖို့ဒ်သည် (၂၉)မိနစ် တွင် ပင်နယ်တီ ဖြုန်းတီးခဲ့ပြီးနောက် တစ် မိနစ်အကြာ ဂိုးသွင်းခဲ့ခြင်းဖြစ်သည်။

မာရှယ်မှာ ပထမပိုင်း ပြီးလုချိန်တွင် ပင် နယ်တီကန်ခွင့်ရခဲ့သော်လည်း အသုံးမချနိုင် ခဲ့ပေ။ သို့သော် မာရှယ်သည် (၇၃)မိနစ်တွင် တတိယဂိုး သွင်းပေးခဲ့သည်။ နောဝစ်ချ်သည် (၈၈)မိနစ်၌ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့သည်။ မန်ယူသည် ပါတီဇန်အား အနိုင်ရခဲ့ပြီးနောက် ဒုတိယမြောက် အဝေးကွင်းတွင် နိုင်ပွဲရရှိခဲ့သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင် ဂိုး ၂၀ဝ၀ ပြည့်ခဲ့သော ပထမဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မန်ယူသည် ၁၉၉၂ ခုနှစ်က ပရီးမီးယားလိဂ်ဟု အမည် ပြောင်းခဲ့ပြီးနောက် နောဝစ်ချ်ကွင်းတွင် ၁၀၄၈ ပွဲအဖြစ် ကစားခဲ့ခြင်းဖြစ်ပြီး မက်တွန်မီနေး၏ ဂိုးမှာ ဂိုး ၂၀ဝ၀ ပြည့် ဖြစ်ခဲ့သည်။

မန်ယူ အတွက် ပရီးမီးယားလိဂ် ဂိုး ၁၀ဝ ကို ကန်ချယ် စကစ်က ၁၉၉၃ နိုဝင်ဘာတွင် သွင်းယူခဲ့သည်။ ဂိုး ၅၀ဝ ကို အန်ဒီကိုးလ်က ၁၉၉၉ ဖေဖော် ဝါရီတွင် သွင်းယူခဲ့ပြီး ဂိုး ၁၀ဝ၀ ကို စီရိုနယ်ဒို က ၂၀ဝ၅ အောက်တိုဘာတွင် သွင်းယူခဲ့သည်။

ဂိုး ၁၅၀ဝ ကို ဘာဘာတော့ဗ်က ၂၀၁၁ ဒီဇင် ဘာတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ အာဆင်နယ် သည် ပရီးမီးယားလိဂ် ဂိုး ၁၈၆၀၊ လီဗာပူး မှာ ၁၇၉၇ ဂိုးနှင့် ချယ်လ်ဆီးမှာ ၁၇၉၃ ဂိုး သွင်းယူထားသည်။ မန်ယူသည် လိဂ်ပွဲစဉ် (၁၁)၌ ဘုန်းမောက်နှင့်တွေ့နေသည်။



ဖတ်ရှုမှုအများဆုံး