မြေညှိယာဉ်နောက်ဆုတ်စဉ် ဆော့ကစားနေသည့်ကလေးကို ကြိတ်မိ
မြေညှိသည့် ဂရေဒါယာဉ်တစ်စီး နောက်ဆုတ်စဉ် ဆော့ကစားနေသော ကလေးငယ်ကို ကြိတ်မိသေဆုံးခဲ့မှု ရေတာရှည်မြို့နယ်၌ အောက်တိုဘာ ၂၈ ရက်က ဖြစ်ပွားခဲ့သည်။
ယင်းနေ့ ညနေ ၆ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစု ရွှေ့ပြောင်းရွာသစ် ရွာလယ် လမ်း ပြုပြင်ရန်အတွက် မြေညှိ ဂရေဒါယာဉ်က နောက် ပြန်ဆုတ်စဉ် ကလေးငယ်ကို ကြိတ်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်ကြိတ်မိခြင်းကြောင့် အသက် ၁ နှစ် ၆ လအရွယ် ကလေးငယ်မှာ ဦးခေါင်းကြိတ်မိဒဏ်ရာရရှိ သေဆုံးသွားခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်နေ ယာဉ်မောင်းဖြစ်သူကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
ဆွာနယ်မြေရဲစခန်းက ယာဉ်(ပ)၁၅/၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူထားသည်။
















