ဒမ်ဘီလီနှင့် ဆိုမာရီတို့ကို ခေါ်ယူရန် မန်ယူအသင်း ပစ်မှတ်ထား

ဒမ်ဘီလီနှင့် ဆိုမာရီတို့ကို ခေါ်ယူရန် မန်ယူအသင်း ပစ်မှတ်ထား

မန်ယူအသင်းသည် ပြင်သစ်လီဂူးမှ ကစား သမားနှစ်ဦးဖြစ်သော ဒမ်ဘီလီနှင့် ဆိုမာရီ တို့ကိုခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း ဗြိတိန် မီဒီယာများက ဖော်ပြကြသည်။

မန်ယူအသင်း သည် လွန်ခဲ့သည့် နွေရာသီအပြောင်းအရွှေ့၌ မက်ဂွိုင်းယား၊ ဘစ်ဆာကာနှင့် ဒန်နီရယ်ဂျိမ်းစ် တို့ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ အသုံးပြု၍ ခေါ်ယူခဲ့သည်။ မန်ယူအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ရလဒ်များ မတည်ငြိမ်ဘဲ ရုန်းကန်နေရသည်။ မန်ယူအသင်း တာဝန်ရှိသူများသည် ကစားသမားအင်အား ဖြည့်တင်းရန်အတွက် လာမည့်အပြောင်းအရွှေ့ ဈေးကွက်နှစ်ခု၌ ကစားသမားသစ် လေးဦးစီ ခေါ်ယူရန် ပြင်ဆင်ထားသည်။

မန်ယူအသင်း တိုက်စစ်သည် ပြိုင်ဘက် များနှင့် နှိုင်းယှဉ်ပါက အင်အားနည်းနေ၍ တိုက်စစ်အားဖြည့်ရမည် ဖြစ်သည်။ အီးအက်စ် ပီအင်န်၏ ဖော်ပြချက်အရ မန်ယူသည် လိုင် ယွန်မှ အသက်(၂၃)နှစ်အရွယ် တိုက်စစ်မှူး ဒမ်ဘီလီအား ခေါ်ယူရန် အထူးစိတ်ဝင်စား နေကြောင်း သိရသည်။ ပြင်သစ်ကစားသမား ဒမ်ဘီလီသည် ယမန်နှစ်က ဆဲလ်တစ်မှ လိုင် ယွန်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် (၅၆)ပွဲကစား ခဲ့ရာ (၂၆)ဂိုး သွင်းယူထားသည်။

လိုင်ယွန်နှင့် ခြေစွမ်းပြနေသည် ဒမ်ဘီလီသည် ပရီးမီးယား လိဂ်သို့ ရောက်ရှိမည်ဟု သတင်းထွက်နေသည်။ မန်ယူသည် အဓိကကွင်းလယ်လူ ပေါ့ဘာနေရာ အစားထိုးရန်အတွက် ကစားသမားများ လျာ ထားရာ ဒမ်ဘီလီအပြင် လိုင်လီကွင်းလယ်လူ ဆိုမာရီလည်း ပါဝင်သည်။

ဆိုမာရီသည် လိုင်လီအသင်းအတွက် ခြေ စွမ်းပြ ကစားနေပြီး အသက်(၂၀)အရွယ်သာ ရှိသေးသည်။ ဆိုမာရီ၏ ပြောင်းရွှေ့ကြေးမှာ ခန့်မှန်းခြေ ပေါင်သန်း(၃၀)ခန့်ရှိကြောင်းလည်း သိရသည်။ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာမှာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် အလား အလာ များနေသည်။ ပေါ့ဘာသည် လက်ရှိ အချိန်၌မူ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနား ယူနေရပြီး ဒီဇင်ဘာလတိုင်အောင် ကစားနိုင် မည် မဟုတ်ပေ။ ပေါ့ဘာသည် စက်တင်ဘာ ၃၀ ရက်နောက်ပိုင်း ပွဲဆက်ပြတ်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး