တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အင်န်စီအေလက်မှတ်ထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အင်န်စီအေလက်မှတ်ထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ ့ဆုံ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အောက်တိုဘာ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည် တော်၌ တွေ့ဆုံခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၂၈ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် အင်န်စီအေစာချုပ်လေးနှစ်ပြည့် အခမ်းအနားကို တက်ရောက်လာသည့် အင်န်စီ အေလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ကိုးဖွဲ့အနက် ကေအင်န်ယူနှင့် သီးခြားတွေ့ဆုံခဲ့ပြီး ကျန်ရှစ်ဖွဲ့ကို သီးခြား တွေ့ဆုံခဲ့သည်။

ဆွေးနွေး

ထိုသို့တွေ့ဆုံစဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ဆို့နေသည့်ကိစ္စများ ကျော်လွှားရေး၊ တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲလမ်းကြောင်း ပေါ်ပြန်လည်တက်လှမ်းရေး၊ ဒီမိုကရေစီဖက် ဒရယ် အခြေခံမူများရရှိရေးတို့ကို ဆွေးနွေး ခဲ့ကြသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး