ပြည်တွင်းစစ်မီး ပိုမိုပြင်းထန်လာမှု အဆုံးသတ်ရန် တပ်မတော်ထိုးစစ်အား ရပ်ပေးရေး မြောက်ပိုင်းသုံးဖွဲ့တောင်းဆို

ပြည်တွင်းစစ်မီး ပိုမိုပြင်းထန်လာမှု အဆုံးသတ်ရန် တပ်မတော်ထိုးစစ်အား ရပ်ပေးရေး မြောက်ပိုင်းသုံးဖွဲ့တောင်းဆို

ပြည်တွင်းစစ်မီး ပိုမိုပြင်းထန်စွာတောက်လောင်နေခြင်းနှင့် ပြည်သူ များစစ်ဘေးဒဏ်ပိုမိုခံစားနေရခြင်းများအတွက် ရပ်တန့်အဆုံးသတ်ရန် မြန်မာ့တပ်မတော်က ၎င်းတို့သုံးဖွဲ့အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှု များကိုအမြန်ဆုံးရပ်တန့်ပြီး စစ်မှန်သောစိတ်ဆန္ဒဖြင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း စစ်ရေးမဟာမိတ်ပြုလုပ်ထားသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် အေအေ၊ တအာင်းနှင့် ကိုးကန့် အဖွဲ့များက အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။

တပ်မတော်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ တစ်ဖွဲ့ချင်း သို့မဟုတ် ပူးပေါင်းစစ်ရေးလှုပ်ရှားနေကြသောနေရာများကို ပုံစံအမျိုးမျိုးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း၊ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နေခြင်းတို့အပြင် ပြည်သူလူထုများရှိရာ ရပ်ရွာများကို လက်နက်ကြီး၊ လက်နက်ငယ်၊ ရဟတ်ယာဉ်များဖြင့် နေ့ညမရွေးပစ်ခတ်တိုက် ခိုက်နေခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုများကို အကြောင်းအမျိုးမျိုးဖြင့် ဆက်လက် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာဒုက္ခအမျိုးမျိုးပေးနေခြင်းများကို နေ့စဉ်ကျူးလွန် လျက်ရှိကြောင်း အဆိုပါသုံးဖွဲ့က ပြင်းပြင်းထန်ထန်စွပ်စွဲထားသည်။

ထုတ်ပြန်ကြေညာ

ပြည်တွင်းစစ်ရပ်တန့်ပြီး လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများလျှော့ချနိုင်ရန်၊ တွေ့ဆုံ ဆွေးနွေးပွဲများလက်တွေ့ကျပြီး ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် (ငြူအေနမေူ ဃနျေန်ငမန ဗါမနနာနညအ) ရေးထိုးနိုင်ရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းကြောင်း ၎င်းတို့ ညီနောင်မဟာမိတ် သုံးဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။

၎င်းတို့သုံးဖွဲ့မှ ပြည်သူလူထုအကျိုးနှင့် ငြိမ်းချမ်းရေးကိုရည်မှန်းပြီး တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းကြောင်း ကြေညာထားသော်လည်း ယင်းအခြေအနေများကို အခွင့် ကောင်းယူကာ တပ်မတော်သည် ကိုးကန့်၊ တအာင်းနှင့် ရခိုင်ဒေသများတွင် ပြင်းထန် သောထိုးစစ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်၌ဖော်ပြ ပါရှိသည်။

စုပေါင်းခုခံကာကွယ်

မြန်မာ့တပ်မတော်က ယခုကဲ့သို့ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ၎င်းတို့အနေဖြင့် မလွှဲမရှောင်သာခုခံကာကွယ်စစ်များနှင့် ဟန့်တားစစ်များဖြင့် တစ်ဖွဲ့ချင်း သို့မဟုတ် စုပေါင်း၍ခုခံကာကွယ်နေရကြောင်း၊ တပ်မတော်ဘက်က ဤကဲ့သို့ပြုလုပ်နေခြင်းသည် တွေ့ဆုံဆွေးနွေးပွဲများကို နောက်ပြန်ဆုတ်စေပြီး ရရှိပြီးထားသော ယုံကြည်မှုများကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး