ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်းမာ ရေးဝန်ထမ်းအိမ်ရာ ရပ်ကွက်တွင် အောက် တိုဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီက မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်။
အရေးယူ
အဆိုပါမီးလောင်မှုမှာ လိုင်းခန်း ၆၄၊ အခန်း ၄ နေ ဒေါ်တင်မြင့်၏အခန်းမှ မီးသွေးမီးကျန်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁၆ သိန်းခန့် ဆုံးရှုံးခဲ့သည်။ မီးလောင်မှု စတင်ဖြစ်ပေါ်ခဲ့သည့် အခန်းနေ ဒေါ်တင်မြင့်ကို ဒလမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
အလှူငွေပေးအပ်
မီးဘေးသင့် ပြည်သူများကို ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က တွေ့ဆုံ အားပေးစကားပြောကာ အလှူငွေများ ပေးအပ် ခဲ့သည်။
ကူညီရှင်းလင်း
မီးလောင်ပြင်သို့ အရာခံဗိုလ်တင့်လွင် ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၉ ဦးနှင့်အတူ စည်ပင်သာယာဝန်ထမ်းများ စုပေါင်းရှင်းလင်း ကူညီပေးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အိမ် ထောင်စု ငါးစု၊ လူဦးရေ ၃၉ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းအိမ်ရာ ရပ်ကွက်ရှိ သာသနာ့ရောင်ခြည်ဓမ္မာရုံတွင် ယာယီကယ် ဆယ်ရေးစခန်း ဖွင့်ထားသည်။

















