ချန်ပီယံလိဂ် ကစားရမယ့် ဘိုင်ယန်ကို သတိထားသင့်တယ်

ချန်ပီယံလိဂ် ကစားရမယ့် ဘိုင်ယန်ကို သတိထားသင့်တယ်

ဟော့ဖန်ဟိမ်း - ပက်ဒါဘွန်း

စနေ၊ နံနက် ၂းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ပက်ဒါဘွန်း ဝ-ဝ ဟော့ဖန်ဟိမ်း

ဟော့ဖန်ဟိမ်းတို့ နိုင်ပွဲတွေဆက်ပြီး အသင်းက အမှတ်ပေးဇယား အလယ်မှာ ရှိနေပါတယ်။ ဟော့ဖန်ဟိမ်း နိုင်ခဲ့တဲ့အသင်းတွေကလည်း ဘိုင်ယန်၊ ရှော်လ်ကေး၊ဟာသာဘာလင် စတဲ့အသင်းတွေဖြစ်နေတာကြောင့် ခြေတက်နေတာ အမှန်ပါပဲ။ပက်ဒါဘွန်းက ဒူဆယ်ဒေါ့ဖ်ကို နိုင်ခဲ့တယ်ဆိုပေမဲ့ ထင်သလောက်မဟုတ်ပါဘူး။ ဇယားအောက်ခြေက အခြေအနေတူအသင်းကို နိုင်ခဲ့တာပါ။ ဒါကြောင့်ဟော့ဖန်ဟိမ်းကိုပဲ ရွေးချယ်သင့်တယ်။

ဒေါ့မွန် - ဝုဖ်ဘတ်

စနေ၊ ည ၉းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဒေါ့မွန် ၂-ဝ ဝုဖ်ဘတ်

ဒေါ့မွန်က ချန်ပီယံလိဂ်ပွဲအပြီးကစားတဲ့ပွဲတွေဆိုရင် ခြေချော်တတ်တဲ့အတိုင်း ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ပွဲစဉ်မှာ ရှော်လ်ကေးနဲ့ သရေကျခဲ့ပါတယ်။ ချန်ပီယံလိဂ်ကို ပိုပြီးအာရုံစိုက်နေတဲ့ ဒေါ့မွန်တို့ အခုဆိုရင် အမှတ်ပေးဇယား အဆင့် (၅) နေရာမှာရပ်တည်နေရပါတယ်။ ဝုဖ်ဘတ်ကလည်းယူရိုပါလိဂ်နဲ့ ပြည်တွင်းအမှတ်ပေးပွဲနှစ်ခုကြား ဗျာများနေတဲ့အသင်းပါ။ အခြေအနေတူ နှစ်သင်းတွေ့ဆုံတဲ့ပွဲမှာ အိမ်ရှင်ဖြစ်တဲ့ ဒေါ့မွန်ဘက်က ရပ်တည်ချင်ပါတယ်။

လိုက်ပဇစ် - မိန့်ဇ်

စနေ၊ ည ၉းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ မိန့်ဇ် ၃-၃ လိုက်ပဇစ်

ပြီးခဲ့တဲ့ရာသီ တွေ့ဆုံမှုတုန်းက လိုက်ပဇစ်က အိမ်ကွင်းမှာ ၄-၁ ဂိုးနဲ့နိုင်ပြီး အဝေးကွင်းမှာ သုံးဂိုးစီ သရေကျခဲ့ပါတယ်။လက်ရှိရာသီမှာလည်း လိုက်ပဇစ်က ခြေစွမ်းမှန်နေတဲ့အသင်းပါ။ မိန့်ဇ်ကတော့ အသင်းငယ်လေးတွေကိုသာ အနိုင်ယူတတ်တဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် အိမ်ရှင်လည်းဖြစ်တဲ့ လိုက်ပဇစ်က အဘက်ဘက်မှာ သာနေပါတယ်။ လိုက်ပဇစ်ကိုပဲ အပိုင်ရွေးချယ်သင့်တဲ့ပွဲပါ။

လေဗာကူဆင် - မွန်ချင်ဂလက်ဘတ်

စနေ၊ ည ၉းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ လေဗာကူဆင် ဝ-၁ ဂလက်ဘတ်

မိုချင်က လက်ရှိအချိန်မှာ အမှတ်ပေးဇယားကို ထိပ်ဆုံးက ဦးဆောင်နေတဲ့အသင်းပါ။ ခြေစွမ်းကလည်း တည်ငြိမ်မှုရှိပါတယ်။ လေဗာကူဆင်က ချန်ပီယံလိဂ်ကြောင့် ပြည်တွင်းအမှတ်ပေးပွဲမှာပါ ထိခိုက်လာနိုင်ပါတယ်။ အခုဆိုရင် အဆင့် (၈)မှာ ရပ်တည်နေရတဲ့အသင်းပါ။ ပြီးခဲ့တဲ့နှစ်တွေ့ဆုံမှုမှာလည်း မွန်ချင်တို့က နှစ်ကျော့စလုံး အနိုင်ယူထားပါတယ်။ အခုလည်း မွန်ချင်တို့ အနည်းဆုံး သရေတစ်မှတ်တော့ယူသွားမှာပါ။

ဖရန့်ဖတ် - ဘိုင်ယန်

စနေ၊ ည ၉းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဘိုင်ယန် ၅-၁ ဖရန့်ဖတ်

ဖရန့်ဖတ်က ယူရိုပါလိဂ်ကစားနေတဲ့အသင်းဖြစ်သလို ဘိုင်ယန်ကလည်း ချန်ပီယံလိဂ် ကစားနေတဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲပြီးရင်လည်း နှစ်သင်းစလုံး ဥရောပပွဲတွေ ကစားရဦးမှာပါ။ နောက်ပြီး အခုပွဲမတိုင်မီ ကြားရက်မှာ ပိုကယ်ဖလားပွဲတွေ ကစားခဲ့ရပါတယ်။ နှစ်သင်းစလုံးက ပွဲဆက်တွေ များနေတာချင်းတူနေပါတယ်။ ဘိုင်ယန်ကချန်ပီယံလိဂ်ပွဲမတိုင်ခင် ကစားတဲ့ပွဲတွေမှာရလဒ်သိပ်မကောင်းပါဘူး။ နိုင်ရင်တောင် ဂိုးမပြတ်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ဖရန့်ဖတ်ဘက်က ရပ်တည်ချင်တယ်။

ဝါဒါဘရီမင် - ဖရိုင်းဘတ်

စနေ၊ ည ၉းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဝါဒါဘရီမင် ၂-၁ ဖရိုင်းဘတ်

ဝါဒါဘရီမင်တို့ နိုင်ပွဲပျောက်ပြီး သရေပွဲတွေပဲ တောက်လျှောက် ဖြစ်နေပါတယ်။ အသင်းကြီးရော၊ အသင်းငယ်ပါ သရေရလဒ်တွေပဲ ထွက်အောင် ကစားနေပါတယ်။ ဖရိုင်းဘတ် ခြေနည်းနည်း ပြန်ကျနေတဲ့ အနေအထားဖြစ်နေပါတယ်။ ဝါဒါဘရီမင်ရဲ့ ကစားပုံမျိုးနဲ့ဆို ဖရိုင်းဘတ်တို့ အဝေးကွင်းမှာ မလွယ်လောက်ဘူး။ ဝါဒါဘရီမင်ကို အားပေးချင်တယ်။

ယူနီယံဘာလင် - ဟာသာဘာလင်

တနင်္ဂနွေ၊ နံနက် ဝဝးဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဟာသာဘာလင် ၂-၂ ယူနီယံဘာလင်

၂ဝ၁၂-၁၃ ဘွန်ဒက်စ်လီဂါ ၂ ပြိုင်ပွဲမှာဒီနှစ်သင်းတွေ့ဆုံတော့ ဟာသာဘာလင်က တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ အသာစီးရယူခဲ့တယ်။ လက်ရှိအချိန်မှာလည်း ဟာသာဘာလင်က ယူနီယံဘာလင်ထက်စာရင် အခြေအနေကောင်းပါတယ်။ ဒါပေမဲ့ယူနီယံဘာလင်က ဘယ်အသင်းကိုမဆိုရေကုန်ရေခန်း ကြိုးစားကစားတဲ့အသင်းပါ။ ဒီအချက်က သူတို့အတွက် အားသာချက်ပါပဲ။ အခုအိမ်ကွင်းပွဲမှာလည်း ယူနီယံဘာလင်တို့ အစွမ်းရှိသမျှ အကုန်ထုတ်လာဦးမှာပါ။ အိမ်ရှင်ကိုကြိုက်တယ်။

ဒူဆယ်ဒေါ့ဖ် - ကိုလုံး

တနင်္ဂနွေ၊ ည ၉းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဒူဆယ်ဒေါ့ဖ် ၂-၃ ကိုလုံး

ဇယားအောက်ဘက်နားက အခြေအနေတူ နှစ်သင်းတွေ့ဆုံတဲ့ပွဲပါ။ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ဒူဆယ်ဒေါ့ဖ်က အဆင့် (၁၄) မှာ ရှိနေပြီး ကိုလုံးက အဆင့်(၁၆) မှာပါ။ ဒူဆယ်ဒေါ့ဖ်က ခံကစားနိုင်တဲ့အင်အားရှိသလို ဂိုးလည်း သွင်းနိုင်တဲ့အသင်းပါ။ ကိုလုံးကတော့ အဘက်ဘက်က အားနည်းနေပါတယ်။ ဒူဆယ်ဒေါ့ဖ်ပါပဲ။

အော့စ်ဘတ် - ရှော်လ်ကေး

တနင်္ဂနွေ၊ ည ၁၁း၃ဝ

နောက်ဆုံးတွေ့ဆုံမှု၊ ရှော်လ်ကေး ဝ-ဝ အော့စ်ဘတ်

အော့စ်ဘတ်ရဲ့ ခြေစွမ်းက အညံ့ပိုင်းမှာရှိနေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပွဲမှာဘိုင်ယန်၊ ဝုဖ်ဘတ်တို့ကို သရေကစားနိုင်ခဲ့လို့ အော့စ်ဘတ်တို့ ရလဒ်ဆိုးတွေကြားထဲက ရုန်းထွက်နေပုံပေါ်ပါတယ်။ ရှော်လ်ကေးရဲ့ ရလဒ်တွေကိုကြည့်ရင် အသင်းငယ်တွေနဲ့ တွေ့တဲ့အခါ ရလဒ်ဆိုးနေတတ်ပြီး အသင်းကြီးတွေကို ခံကစားနေပါတယ်။ ဒါကြောင့် အိမ်ရှင်လည်း ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် (၁၇) နေရာက အော့စ်ဘတ်ကို ရွေးကြည့်ချင်တယ်။



ဖတ်ရှုမှုအများဆုံး