မန်ယူအသင်း၏ ယုံကြည်မှု မြင့်မားနေကြောင်း ရက်ဖို့ဒ်ကြုံးဝါး အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်တက်နိုင်ရန် မန်ယူ ကြိုးစားမည်

မန်ယူအသင်း၏ ယုံကြည်မှု မြင့်မားနေကြောင်း ရက်ဖို့ဒ်ကြုံးဝါး အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်တက်နိုင်ရန် မန်ယူ ကြိုးစားမည်

ချယ်လ်ဆီးအား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် အင်္ဂလန်လိဂ်ဖလား စတုတ္ထအဆင့်ပွဲတွင် ဂိုးသွင်းပေးကာ ခြေစွမ်းပြခဲ့သည့် မန်ယူ တိုက်စစ်မှူး ရက်ဖို့ဒ်က အသင်း၏ ယုံကြည်မှု မြင့်မားနေကြောင်း ဘုန်းမောက်နှင့် ကစားရမည့် ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)မတိုင်မီ ကြုံးဝါးပြောဆိုခဲ့သည်။

ပရီးမီးယားလိဂ်ရာသီအစတွင် ရလဒ်များ မတည်ငြိမ်ခဲ့သော် လည်း မန်ယူအသင်းမှာ ၂ဝ၁၉ ခုနှစ် မတ်လနောက်ပိုင်း နိုင်ပွဲချိုမြိန်မှုအရသာခံစားနေရပြီး သုံးပွဲဆက်တိုက် အနိုင် ရထားသည်။ မန်ယူသည် ပါတီဇန်အား အဝေးကွင်းနိုင်ပွဲ ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ်(၁ဝ)တွင် နောဝစ်ချ် အား သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

အဝေးကွင်း နှစ် ပွဲဆက် အနိုင်ရခဲ့ပြီးနောက် မန်ယူသည် စတမ်းဖို့ဒ်ဘရစ် တွင် နှစ်ဂိုး တစ်ဂိုးဖြင့် ထပ်မံ အနိုင်ရခဲ့သည်။ ရက်ဖို့ဒ် သည် ၄င်း၏ (၂၂)နှစ်မြောက် မွေးနေ့တွင် ချယ်လ်ဆီးအား ဖရီးကစ်တစ်ဂိုးအပါအဝင် နှစ်ဂိုးသွင်းကာ ခြေစွမ်းပြခဲ့သူ ဖြစ်သည်။

ရက်ဖို့ဒ်က ''တကယ်လို့များ ဒီရာသီ အစောပိုင်းမှာ တစ်ပွဲပြီးတစ်ပွဲ နိုင်ပွဲတွေရခဲ့ရင် အခြေအနေက တစ်မျိုး ပြောင်းသွားမှာပါ။ မန်ယူလို အသင်းအတွက် စိတ်ဓာတ် ပိုင်းက အများကြီးအရေးပါပါတယ်။ တစ်ပွဲပြီးတစ်ပွဲ နိုင်ပွဲ ဆက်လာတဲ့အချိန် အသင်းရဲ့ယုံကြည်မှုက လယ်ဗယ် ပို မြင့်လာပါတယ်။ ကျွန်တော်တို့ လက်ရှိ ခြေစွမ်းအတိုင်း ဆက်ကစားနိုင်ရမယ်။ တစ်ပွဲချင်းအလိုက် အမှတ်တွေ ယူရမယ်။ အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်တက်နိုင်ရမယ်'' ဟု ပြောဆိုခဲ့သည်။

တိုက်စစ်မှူး ဝက်ဖို့ဒ်နှင့် နောက်ခံလူ မက်ဂွိုင်းယားတို့မှာ ချယ်လ်ဆီးပွဲတွင် ဒဏ်ရာများရခဲ့သော် လည်း ဘုန်းမောက်ပွဲ၌ ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း မန်ယူနည်းပြ ဆိုးလ်ရှားက ပရိသတ်များအား အသိပေး ပြောကြားခဲ့သည်။ ဘုန်းမောက်သည် ၂ဝ၁၅ ခုနှစ်က မန်ယူအား ပရီးမီးယားလိဂ် နိုင်ပွဲရရှိခဲ့ပြီးနောက်ပိုင်း ခုနစ် ပွဲတွေ့ဆုံကစားခဲ့ရာ ရလဒ်များ မကောင်းခဲ့ဘဲ တစ်ပွဲသရေ၊ ခြောက်ပွဲ ရှုံးနိမ့်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး