နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်သည် ၃၅ ကြိမ်မြောက် အာဆီ ယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများတက်ရောက်ရန်အတွက် နိုဝင်ဘာ ၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့ ရောက်ရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ(ငြိမ်း)၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်မည့် (၃၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ရန်အတွက် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းကထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီး Mr. Anutin Charnvirakul နှင့် မြန်မာသံရုံးမှ တာဝန်ရှိသူများ လာရောက်ကြို ဆိုခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါသွားခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေး မီကဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ် ကြားချက်အရ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂျပန်ဘုရင်သစ်နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီး စဉ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စများကို ဦးစားပေးဆွေးနွေး လျက်ရှိပြီး ယခုထိုင်းခရီးစဉ်အတွင်း အာဆီ ယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစည်းအဝေး ၌ မိန့်ခွန်းပြောရန် စီစဉ်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ကိုထမ်းဆောင် စာမျက်နှာ ၁၄ သို့ခဲ့ပြီးနောက် ပထမဆုံးထိုင်းနိုင်ငံခရီးစဉ်ကို ၂၀၁၆ ခုနှစ် ဇွန်လအတွင်းက သွားရောက်ခဲ့သည့်အပြင် ထိုခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား များနှင့်လည်း တွေ့ဆုံခဲ့သေးသည်။
နိုင်ငံတကာဖိအားများနှင့်ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးကိစ္စကိုလည်း ယခုခရီးစဉ်အတွင်း အာဆီယံ အသိုင်းအဝိုင်းမှဦးစား ပေးပြောဆိုလာနိုင်ပြီး မြန်မာ အစိုးရအနေဖြင့် ပြန်လည်ရှင်းလင်းခွင့် ရရှိလိမ့် မည်ဟု နိုင်ငံရေးဆောင်းပါးရှင်ဦးရဲထွန်း(သီပေါ)က သုံးသပ်ခဲ့သည်။
















