Tiger Street football ပြိုင်ပွဲများ မြန်မာနိုင်ငံ၌ ကျင်းပမည် ဗိုလ်လုပွဲရက်၌ မန်ယူဂန္တဝင်နောက်ခံလူ ဖာဒီနန် တက်ရောက်မည်

Tiger Street football ပြိုင်ပွဲများ မြန်မာနိုင်ငံ၌ ကျင်းပမည် ဗိုလ်လုပွဲရက်၌ မန်ယူဂန္တဝင်နောက်ခံလူ ဖာဒီနန် တက်ရောက်မည်

တိုက်ဂါးဘီယာမှ စီစဉ်ကျင်းပသည့် Tiger Street football ပြိုင်ပွဲများအား မြန်မာနိုင်ငံ၌ နိုဝင်ဘာ၉ ရက်မှ ၁၆ရက်အထိ ကျင်းပမည်ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်၏ ဂန္တဝင်နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Tiger Street Football 2019 ကမ်ပိန်းသည် နိုင်ငံတကာကမ်ပိန်းဖြစ်သည်နှင့်အညီ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မလေးရှားတို့တွင်လည်း ကျင်းပလျက်ရှိပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်လည်း ကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ ကျင်းပမည့် ကမ်ပိန်းတွင် Tiger Street Football၏ နိုင်ငံတကာသံတမန် တစ်ဦးအဖြစ် မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က တက်ရောက်မည်ဖြစ်ပြီး မြန်မာကမ်ပိန်းသံတမန်အဖြစ် အဆိုတော်နှင့် သရုပ်ဆောင် ထွန်းထွန်းမှ အတူပူးပေါင်းပါဝင်မည်ဖြစ်သည်။

အဆိုပါကမ်ပိန်းနှင့်ပတ်သက်၍ မန်ယူဂန္တဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က " ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာဖို့ အိပ်မက်တွေကို တကယ်ဖြစ်လာစေခဲ့တဲ့ နေရာဖြစ်ပြီး ဘောလုံးကစားခဲ့တဲ့ တစ်ခုတည်းသောနေရာကတော့ ကျွန်တော်ကြီးပြင်းခဲ့တဲ့ Peckham ရဲ့ လမ်းမတွေပဲဖြစ်ပါတယ်။ လမ်းတွေဟာ ကျွန်တော့်ရဲ့ ဘောလုံးကွင်းတွေ ဖြစ်ခဲ့ပြီးတော့ တစ်နေ့ပြီးတစ်နေ့ ကျွန်တော့်ရဲ့ အတွင်းစိတ်ကို ဖောက်ထွက်ပစ်ဖို့ နေရာလည်းဖြစ်ခဲ့ပါတယ်။ Tiger Street Football ကမ်ပိန်းကနေတဆင့် အရှေ့တောင် အာရှမှာရှိတဲ့ မထင်ရှားသေးတဲ့ ဘောလုံးပါရမီရှင်တွေကို လှုံ့ဆော်ပေးနိုင်ပြီး တော့ သူတို့တွေထင်ရှားလာအောင် ပြုလုပ်ပေးနိုင်မယ့် အခွင့်အရေးတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ် ” ဟု ရီယိုဖာဒီနန်က ပြောဆိုခဲ့သည်။

Street football ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိကွင်း၌ ကျင်းပမည်ဖြစ်ပြီးဖိုင်နယ်ပွဲကျင်းပမည့်ရက်၌ အဆိုတော် သရုပ်ဆောင် ထွန်းထွန်း၊ သရုပ်ဆောင် အောင်မြင့်မြတ်၊ အခြားဖိတ်ကြားထားသော နာမည်ကျော်အနုပညာရှင်များ၊ ပုဂ္ဂိုလ်များနှင့် ရီယိုဖာဒီနန်တို့ ကစားကြမည့် ဘောလုံးပွဲအား ကြည့်ရှုနိုင်မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး