အက်စတွန်ဗီလာကွင်းတွင် နောက်မှ လိုက်ကစားခဲ့ရပြီး ပွဲပြီးခါနီးသွင်းဂိုးများ ကြောင့် နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ရခဲ့ရာ လီဗာပူးအတွက်အနိုင်ဂိုးကို ထောင့်ကန် ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ သော ဆီနီဂေါတောင်ပံတိုက်စစ်မှူး မာနေးက ပျော်ရွှင်မှုညွှန်းဆိုရန် စကားလုံးရှာမရဟု ဖွင့်ဟ ပြောကြားခဲ့သည်။
လီဗာပူးသည် ဗီလာကွင်းတွင် တစ်ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်နေခဲ့ပြီး ချေပဂိုးကို ရော ဘတ်ဆန်က ပွဲချိန် ၈၇ မိနစ်တွင် ခေါင်း တိုက်သွင်းယူပေးခဲ့သည်။ သရေရလဒ် ဖြင့် ပွဲပြီးမည်ဟုထင်မှတ်ရသော်လည်း အာနိုး၏ထောင့်ကန်ဘောကို မာ နေးက ဂိုး၏ညာဘက်ထောင့်သို့ ခေါင်းတိုက်သွင်းပေးခဲ့၍ အဖိုးတန်နိုင်ပွဲရခဲ့သည်။
မာနေးက ''ကျွန်တော်တို့ ဘယ်လောက် ပျော်သလဲဆိုတာ ညွှန်းပြီးပြောဖို့ အတော့် ကိုခက်ခဲနေပါတယ်။ သေချာတာက တော့ နိုင်ပွဲရခဲ့လို့ ကျွန်တော်တို့ ပျော်ရွှင်ပါတယ်။ အနိုင်သုံးမှတ်နဲ့ ထိုက်တန်ပါတယ်။ ဒီနိုင် ပွဲက ကျွန်တော်တို့အတွက် အမှန်တကယ်ကို အရေးပါ ခဲ့ပါတယ်။ ပထမပိုင်းမှာ အသင်းရဲ့ စွမ်းဆောင်ရည် ကောင်း မရခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် တို့ အားကုန်ထုတ်ပြီးကစားခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။
မာနေးသည် ယခုနှစ်ပရီးမီးယားလိဂ် ခြောက်ဂိုးသွင်းယူကာ ခြေစွမ်းပြနေသည်။ လီဗာပူးသည် ရာသီသစ်ပရီးမီးယား လိဂ်ရှုံးပွဲမရှိသေးဘဲ ပွဲစဉ်(၁၁)အပြီး ၃၁ မှတ်ဖြင့် ဒုတိယနေရာမှ မန်စီး တီးကို ခြောက်မှတ်ဖြတ်ထားသည်။လီဗာပူးအသင်းနည်းပြ ဂျာဂင် ကလော့ပ်က ဗီလာအားအနိုင်ရခဲ့သည့် ပွဲတွင် အသင်းအနေဖြင့် ကလေးများ ကဲ့သို့ကစားခဲ့ကြောင်း၊ မာနေးဂိုးသွင်း လိုက်သည့်အချိန် ဖြစ်ပေါ်ခဲ့သည့်ခံစား ချက်မှာ ဘောလုံး၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်ခဲ့ဟုဆိုခဲ့သည်။
လီဗာပူးသည် ကြားရက်တွင် ချန်ပီယံလိဂ် အုပ်စုပွဲအဖြစ် ဂျန့်ခ်နှင့်ကစားရမည်ဖြစ်ပြီး နိုဝင်ဘာ ၁ဝ ရက်တွင် အိမ်ကွင်း၌ မန်စီး တီးနှင့်ကစားရမည်ဖြစ်သည်။















