ဆယ်နှစ်အတွင်း အကြီးမားဆုံးဂိုးပြတ်ရှုံးပွဲဖြင့် ဘိုင်ယန်ရင်ဆိုင်ရ လက်မြှောက်အရှုံးပေးရန်အစီအစဉ်မရှိကြောင်း နည်းပြပြောကြား

ဆယ်နှစ်အတွင်း အကြီးမားဆုံးဂိုးပြတ်ရှုံးပွဲဖြင့် ဘိုင်ယန်ရင်ဆိုင်ရ လက်မြှောက်အရှုံးပေးရန်အစီအစဉ်မရှိကြောင်း နည်းပြပြောကြား

ဘွန်ဒက်စ်လီဂါ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်သည် နိုဝင်ဘာ ၂ ရက်က ဖရန့်ဖတ်ကွင်းတွင်သွားရောက် ကစားခဲ့ရာ ငါးဂိုး တစ်ဂိုးဖြင့် အံ့အား သင့်ဖွယ်ဂိုးပြတ်ရှုံးပွဲရင်ဆိုင်ခဲ့ရသည်။ ဘိုင်ယန်မြူးနစ်အသင်းကို တိုက်စစ် မှူးလီဝမ်ဒေါ့စကီး ဦးဆောင်လာခဲ့ပြီး အဓိကကစားသမားများဖြင့် လူစုံခဲ့ သည်။

ဘိုင်ယန်မြူးနစ်ကစားသမား တစ်ဦးဖြစ်သူ ဘိုတန်းမှာ ပွဲချိန် ၉ မိနစ်တွင် အနီကတ်ပြထုတ်ပယ်ခံရခြင်း မှာ ပွဲအလှည့်အပြောင်းဖြစ်ခဲ့သည်။ ဖရန့်ဖတ်သည် ပွဲချိန် ၂၅၊ ၃၃ မိနစ်၌ ဦးဆောင်ဂိုးများသွင်းယူခဲ့ပြီး ဘိုင်ယန် အတွက် ချေပဂိုးတစ်ဂိုးကို လီဝမ်ဒေါ့ စကီးက ၃၇ မိနစ်တွင်သွင်းယူပေးခဲ့ သည်။ ကစားသမားတစ်ယောက်လျော့ ခဲ့သော ဘိုင်ယန်မြူးနစ်သည် ဒုတိယ ပိုင်းတွင်ဂိုးများပေးခဲ့ရ၍ ဂိုးပြတ်ရှုံးပွဲ ကြုံဆုံခဲ့ရခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်သည် ၂ဝဝ၉ ခုနှစ် က ဝုလ်ဘတ်အသင်းကို ငါးဂိုး တစ်ဂိုး ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ဖရန့်ဖတ်အား အကြီးမားဆုံး ဘွန်ဒက်စ်လီဂါဂိုးပြတ် ရှုံးခဲ့ရသည်။ ဖိအားများရင်ဆိုင်နေရ သော်လည်း ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗတ်က ၎င်းအနေဖြင့် လက်မြှောက် အရှုံးပေးရန် အစီအစဉ်မရှိကြောင်း ပရိသတ်များအား အသိပေးခဲ့သည်။

နည်းပြကိုဗတ်က ''ရလဒ်အတွက် စိတ်မကောင်းဖြစ်မိသလို စိတ်ပျက် မိပါတယ်။ မနှစ်ကလည်း ဘာဖြစ်ဖြစ် ကျွန်တော်အရှုံးမပေးခဲ့ပါဘူး။ လက်ရှိ အချိန်မှာ ဂိုးပြတ်ရှုံးခဲ့ပေမယ့် ကျွန် တော်ကတော့အရှုံးမပေးပါဘူး။ ဒီ အချိန်မှာ ရာထူးနဲ့ပတ်သက်လို့ ကျွန် တော့်ခံစားချက်က အဓိကမကျဘူး။ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေကိုမေးရင် သိမှာပါ''ဟု ပြောဆိုခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် လိဂ် ၁ဝ ပွဲအပြီး ၁၆ ဂိုးပေးခဲ့ရာ ၂ဝဝ၈-ဝ၉ နောက်ပိုင်း ဂိုးအများဆုံးပေးထားရသည်။ ဘိုင်ယန်မြူးနစ်သည် လာမည့် နိုဝင်ဘာ ၉ ရက်တွင် ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၁၁)အဖြစ် ဒေါ့မွန်နှင့် ကစား မည်ဖြစ်သည်။

 



ဖတ်ရှုမှုအများဆုံး