၂၀၁၈ ၌ နောက်ဆုံးပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး၏အမြင့်ဆုံးအစည်းအဝေးခေါ်ယူရန် RCSS တိုက်တွန်း

၂၀၁၈ ၌ နောက်ဆုံးပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး၏အမြင့်ဆုံးအစည်းအဝေးခေါ်ယူရန် RCSS တိုက်တွန်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို အခြေခံထားသည့် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အမြင့်ဆုံးအစည်းအဝေး ဖြစ်သော NCA သဘောတူစာချုပ်အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အမြန်ဆုံးခေါ်ယူရန်ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS )မှ ဗိုလ် မှူးကြီးစိုင်းငင်းက တိုက်တွန်းခဲ့သည်။

အဆိုပါ အစည်းအဝေးသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ အပြင် လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ ပါဝင်သည့် အစည်းအဝေးဖြစ်သည်။

"အကြောင်းကြောင်းကြောင့် (JICM) အစည်းအဝေးကို စီစဉ်ထားတဲ့အတိုင်း မကျင်းပ နိုင်ခဲ့ခြင်းဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် များစွာ ထိခိုက်နစ်နာစေပါတယ်။ ၂၀၂၀ နှစ် ဦးပိုင်းမှာ ကျင်းပဖို့ ရည်မှန်းထားတဲ့ ၂၁ ရာစု ပင်လုံအစည်းအဝေးအတွက် အချိန်ကာလကို လည်း မသေမချာ မရေမရာ ဖြစ်စေခဲ့တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါလှတဲ့ (JICM) အစည်းအဝေး ကျင်းပ နိုင်ဖို့ သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဖို့လိုပါတယ်"ဟု ဗိုလ်မှူးကြီးစိုင်းငင်းကပြောသည်။

အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြား NCA အပေါ် နားလည်မှုကွဲပြားလာခြင်း ကို အခြေခံကာ တရားဝင်ငြိမ်းချမ်းရေး လုပ် ငန်းစဉ်မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ ရပ်ဆိုင်းမှုကိုတရားဝင် ပြန်လည် စတင်ရေး JICM အစည်းအဝေးခေါ်ယူရန် လိုအပ်နေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က ကျင်းပရန် စီစဉ်ခဲ့သော်လည်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ၏ နေပြည်တော် ခရီးစဉ်ကို တပ်မတော်က တားဆီးခဲ့သဖြင့် အစည်းအဝေးပျက်ပြယ်ခဲ့သည်။

ယခုအခါအစိုးရဘက်က RCSS နှင့် ညှိ နှိုင်းမှုများ ပြုလုပ်နေပြီး နိုဝင်ဘာတတိယပတ် တွင် JICM အစည်း အဝေးကျင်းပရန်လျာထား ကြောင်း အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်ဦးလှမောင်ရွှေက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး