ရာဘာခြံအတွင်းမှ စိတ်ကြွဆေးနှင့် လက်နက်များဖမ်းမိ

ရာဘာခြံအတွင်းမှ စိတ်ကြွဆေးနှင့် လက်နက်များဖမ်းမိ

ကော့သောင်းမြို့ အေးချမ်းသာရွာရှိ ရာဘာခြံအတွင်းမှ စိတ်ကြွဆေးနှင့် လက်နက်များကို သက်ဆိုင်ရာက နိုဝင်ဘာ ၃ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါနေ့ မွန်းတည့် ၁၂ နာရီတွင် ကော့သောင်းမြို့နယ် မာရမ်းနယ်မြေစခန်းမှူး ရဲအုပ်အောင်ဇော်ဦး ဦးစီးသည့် ပူးပေါင်းအဖွဲ့ဝင်များသည် ရှမ်းကိုးရွာတွင် တစ်ရွာအပါအဝင်ဖြစ်သည့် အေးချမ်းသာရွာနေ အောင်မြင့် (၅၀)နှစ်၏ ရော်ဘာခြံရှိနေအိမ်အတွင်း လက်နက်နှင့် မူးယစ်ဆေးဝါးများရှိကြောင်းသတင်းအရ ဝင်ရောက်ရှာ ဖွေခဲ့သည်။

အဆိုပါခြံအတွင်း အောင်မြင့်နှင့်အတူ ၎င်း၏သား စိုးအောင်၊ (၂၅)နှစ် ၊ ထူးဝေယံ (၂၀) နှစ်တို့ကို တွေ့ရှိခဲ့ပြီး ၄င်းတို့ထံမှ WY တံဆိပ် စိတ်ကြွမူးယစ်ဆေးပြား စုစုပေါင်း(၁၇၈၈)ပြား၊Ice တစ် ဂရမ် ကာလတန်ဖိုး ၅၃၆၄၀ဝ၀ကျပ်နှင့် ထိုင်းဘတ် ၅၁၀ဝ ၊ဆေးရှူကိရိယာများနှင့်ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့သည်။

ဆက်လက်ရှာဖွေရာ နေအိမ်အပေါ်ထပ်မှ အရှည် ၄ပေ၊၆လက်မရှိ ယမ်းထောင်း တူမီးသေနတ်နှစ်လက်နှင့် အသုံးပြုသည့်ယမ်းဆက်စပ်ပစ္စည်းများ၊စတီးရောင် ပွိုင့် ၃၈ ဘို့ ဆုံလည်ခြောက်လုံးပြူးတစ်လက်၊၎င်းကျည် တစ်တောင့်နှင့် ပွိုင့် ၃၈ ဘို့ကျည်ဖြင့်ပစ်ရသော လုပ်သေနတ်အတိုတစ်လက်၊ ၎င်းခြံဝင်းအတွင်းရှိအလုပ်သမားတဲအတွင်းမှ အရှည် ၄ပေ၊၆လက်မ ယမ်းထောင်း တူမီးတစ်လက်၊ ယမ်းမှုန့်တစ်ဗူးနှင့် စိုက်ပျိုးထားသည့် ဘိန်းစာပင် ၆ ပင် ၊ခူးထားသော ဘိန်းစာရွက် အစို (၇)ကီလိုဂရမ် တို့ကိုသိမ်းဆည်းရမိခဲ့သည်။

၄င်းတို့ သုံးဦးကို မာရမ်းနယ်မြေရဲစခန်းက မူးယစ်(ပ)၃/၁၉၊မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ တို့အရ အသီးသီး အမှုဖွင့် အရေးယူထားသည်။