ဘုန်းကြီးကျောင်းတွင် စကားများရာမှ ပုဆိန်နှင့်ခုတ်သတ်

ဘုန်းကြီးကျောင်းတွင် စကားများရာမှ ပုဆိန်နှင့်ခုတ်သတ်

ပြည်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ အတူ သတင်းသုံးနေထိုင်သူ ဘုန်းကြီးနှစ်ပါး စကားများရာမှ ပုဆိန်နှင့်ခုတ်သဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ နိုဝင်ဘာ ၃ ရက်တွင် သိရသည်။

နိုဝင်ဘာ ၁ ရက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် ပြည်မြို့ ရွာဘဲရပ်ကွက် ရွှေဟင်္သာအရှေ့ပေါက် ပုဗ္ပာရုံ ကျောင်းတွင် လူသတ်မှုဖြစ်ပွားကြောင်း ဂေါပက အဖွဲ့ဝင် ဦးစိန်ဝင်း က သက်ဆိုင်ရာသို့အကြောင်းကြားသဖြင့် ဒုရဲမှူး မြင့်ဇော်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါကျောင်းတိုက် ဆွမ်းစားကျောင်းဆောင် အပေါ်ထပ်တွင် ဥူးအာဒိစ္စ (ခ) အောင်ကိုလင်း(၃၃ နှစ်) မှာ ပုဆိန်ဖြင့်ခုတ်ခံထားရသည့် ဒဏ်ရာများရရှိသေဆုံးနေသည်ကို တွေ့ရှိသဖြင့် သက်ဆိုင်ရာက စုံစမ်းခဲ့သည်။

ဥူးအာဒိစ္စနှင့် ဥူးစန္ဒာဝရ (ခ)ဦးစံသောင်း(၄၂ နှစ်)တို့သည် ဆွမ်းစားကျောင်းအပေါ်ထပ်တွင် နှစ်ပါး သီတင်းသုံးနေထိုင်ရာမှ စကားပြောအဆင်မပြေဖြစ်ကာ ဥူးစန္ဒာဝရ က ရုတ်တရက်ဒေါသထွက်ပြီး ဆွမ်းစားကျောင်းအနီး ထားရှိသည့် ထင်းခုတ် ပုဆိန်ဖြင့် ၃/၄ ချက်ခန့် ခုတ်သတ်ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ ဥူးစန္ဒာဝရကို ဖမ်းဆီးခဲ့ပြီး ပြည်မြို့မရဲစခန်းက(ပ)၁၉၈၁/၁၉ ၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။